မြန်မာစစ်တပ်သတ်ဖြတ်ထားသော အလောင်း ၉ လောင်း ဆင်အင်းကြီးရွာတွင် လက်ရှိတွေ့ရှိထား

မြန်မာစစ်တပ်သတ်ဖြတ်ထားသော အလောင်း ၉ လောင်း ဆင်အင်းကြီးရွာတွင် လက်ရှိတွေ့ရှိထား

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာတွင် အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် အလောင်း ၉ လောင်းကို လက်ရှိ တွေ့ရှိထားသည်ဟု သတင်းရရှိသည်။

လက်ရှိဆင်အင်းကြီးကျေးရွာထဲတွင် တွေ့ရှိရသည့် ကျေးရွာသား အလောင်းများမှာ ဦးမောင်စံလှ၊ ဦးခင်မောင်၊ မခင်လှိုင်မြင့်၊ ဦးထွန်းသာကျော်၊ ဦးအေးထွန်းစိန်၊ မောင်မောင်သိန်း ၊ ဦးကျော်ဇံ၊ ဦးမောင်ကျော်သိန်းနှင့် နယ်ကလာသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလောင်းများ၏ ကိုယ်ပေါ်တွင် ဓားထိုးဒဏ်ရာများ၊ သေနတ်ဖြင့် ပစ်သတ်ထားသည့် ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်ဟု ကိုယ်တိုင် ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။

၎င်းပြင်သတ်ဖြတ်ခံထားရသူများမှာ ယခုထက် ပိုများနိုင်သည်ဟုလည်း ပြောကြားသည်။ ဦးဦးရွှေသိန်း နေအိမ်အပါအဝင် အနည်းဆုံးနေအိမ် ၄ လုံးကိုလည်း မီးရှို့ထားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် နံနက် အစောပိုင်းက မြန်မာစစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးကို အေအေမှ မိုင်းခွဲတိုက်ခိုက်ပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ၎င်းကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသားများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...