စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်၍ မင်းပြားမြို့နယ်တွင် နေအိမ် (၁၅) ဆောင်ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်၍ မင်းပြားမြို့နယ်တွင် နေအိမ် (၁၅) ဆောင်ထိခိုက်ပျက်စီး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်၊ ယမန်နေ့က ရက္ခိုင့်တပ်တော်(AA)မှ စစ်ဇက်ရေယာဉ်ကို တိုက်ခိုက်၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ရာတွင်  နေအိမ် (၁၅)ဆောင် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ယနေ့ နံနက် ၉ နာရီကျော်တစ်တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင် တစ်ကြိမ် စစ်တပ်ဇက်ရေယာဉ်နှင့် မင်းပြားအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများပစ်ခတ်၍ မင်းပြားမြို့နယ်မှ နေအိမ် (၁၅)ဆောင်ပျက်စီးသွားကြောင်း မင်းပြားမှ အမည်မဖော်လိုသည့် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"စက္ကရေရွာက အုပ်ချုပ်ရေးမှူးအပါအဝင် (၃) ဆောင်ပျက်စီးမှုရှိတယ်။ နောက်ပြီး ကျားရဲပြင်ရွာမှာ (၄) ဆောင်ပါ။ နောက်ပြီး ချောင်းရှည်က ဦးစံရွှေသိန်းအိမ်နဲ့ ဦးမဲအောင်အိမ် (၂) ဆောင်ပျက်စီးမှုရှိပါတယ်။ ဖလောင်းပြင်မှာတော့ အိမ်တစ်ဆောင်လုံးပျက်သွားတယ်လို့ သိရတယ်။ ကျန်တာတွေကတော့ ဟိုနားပေါက်၊ ဒီနားပေါက်၊ တိုင်တွေထိ၊  အခေါင်တွေ ပွင့်တာမျိုး ရှိပါတယ်။ တခြားထိခိုက်မှုတွေနဲ့ အသေးစိတ်စာရင်းတွေ လုပ်နေဆဲပါ"ဟု ပြောသည်။

 ပျက်စီးသွားသည့်နေအိမ်များမှာ ဖလောင်းပြင်ကျေးရွာမှ (၆) ဆောင်၊ စက္ကရေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ချေအိမ်အပါအဝင် (၃)ဆောင်၊  ချောင်းရှည်ကျေးရွာမှ ဦးစံရွှေသိန်း နှင့် ဦးမဲအောင်တို့ နေအိမ်(၂) ဆောင် ၊ ကျားရဲပြင်ကျေးရွာမှ(၄) ဆောင်တို့ဖြစ်ကြပြီး စုစုပေါင်းနေအိမ် (၁၅)ဆောင် ထိခိုက်ပျက်စီးသွားကြောင်း ၎င်းက ပြောသည်။

နေအိမ်ထိခိုက်ပျက်စီးမှုမှာ ဇက်ရေယာဉ်မှပစ်ခတ်မှုကြောင့် အများဆုံး ပျက်စီးခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲခန့်အထိ မင်းပြားမယ်တော်တောင်က လက်နက်ကြီးများပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာ ရဲစခန်းအနီး မြစ်ကွေ့တွင် တက်လာသည့် စစ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့  စစ်တပ်က လူနေကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် နေအိမ်ပျက်စီးမှုများ ဆက်တိုက်ရှိနေခြင်းဖြစ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...