တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇) အရွယ် ကိုဇေယျာကျော်ကို ယနေ့ နိုဝင်ဘာလ(၈)ရက်၊ ညနေ(၃)နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ကိုဇေယျာကျော်မှာ ဦးဥတ္တမပန်းခြံအနီး ရှိနေစဉ် အိမ်စီးကားအဖြူတစ်စီးဖြင့် စစ်သား(၄)ဦးက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုဇေယျာကျော်၏ မိတ်ဆွေတစ်ဦးကဆိုသည်။

"အိမ်စီးကားနဲ့ လာဖမ်းတာဖြစ်တယ်။ စစ်တပ်ကဖမ်းတာ လူအဝတ်နဲ့ (၂ )ယောက်၊ စစ်ဝတ်စုံနဲ့(၂)ယောက် လာဖမ်းတာ။ ဘာကြောင့် ဖမ်းလဲမေးတော့ စစ်ဆေးစရာရှိလို့လို့ပြောတယ်"ဟု သူကဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့၊ ည ၁၁ နာရီကလည်း ကိုဇေယကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို မြန်မာစစ်တပ်က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။

လက်ရှိတွင် ကိုဇေယျာကျော်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့်အတွက် အထူးစိုးရိမ်နေကြောင်း မိသားစုဝင်တစ်ဦးကဆိုသည်။

"အခု ဘယ်ကို ဖမ်းသွားမှန်းမသိတော့ စိတ်ပူနေရတယ်။ အိမ်ကနေ ဖမ်းသွားတာ မဟုတ်ဘဲ လမ်းမှာ ဖမ်းခံရတော့ ပိုစိတ်ပူတယ်"ဟု သူကဆိုသည်။

ကိုဇေယျာကျော်ကို ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

ကိုဇေယျာကျော်မှာ ယခင်က တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ လုပ်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...