သံတွဲတွင် ခရိုင်စာတိုက်မှူးနှင့်ဆီဆိုင်မန်နေဂျာတို့ ၂ ဦးကို မြန်မာစစ်တပ်ကထပ်ဖမ်းဆီး

သံတွဲတွင် ခရိုင်စာတိုက်မှူးနှင့်ဆီဆိုင်မန်နေဂျာတို့ ၂ ဦးကို မြန်မာစစ်တပ်ကထပ်ဖမ်းဆီး

သံတွဲမြို့နယ်တွင် သံတွဲခရိုင်စာတိုက်မှူး ဦးသားကြီးမောင်နှင့် ရွှေရိုးမဆီဆိုင်မန်နေဂျာ ကိုဘိုသန်းကျော်တို့ကို မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သံတွဲအခြေစိုက် ခမရ (၅၆၆) က သံတွဲခရိုင်စာတိုက်မှူးဖြစ်သူ ဦးသားကြီးမောင် (၄၉နှစ်)ကို နိုဝင်ဘာလ ၄ ရက်နေ့က သံတွဲခရိုင်စာတိုက်ဝင်းအတွင်း လာရောက်ဖမ်းဆီးခေါ်သွားခဲ့ပြီး သံတွဲမြို့ ရွှေရိုးမဆီဆိုင်မှ မန်နေဂျာဖြစ်သူ ကိုဘိုသန်းကျော်(၄၂ နှစ်)ကို  နိုဝင်ဘာ ၅ ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။

ဦးသားကြီးမောင်သည် စစ်တွေဇာတိဖြစ်ပြီး မကြာမီတွင် ဒုပြည်နယ်စာတိုက်မှူးအဖြစ် ရာထူးတိုးတော့မည်ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

''ဒုပြည်နယ်စာတိုက်မှူးဖြစ်တော့မှာ လို့သိရတယ်။ စာတိုက်ဝန်းထဲက နေအိမ်မှာလာဖမ်းတာ။ အိမ်စီးကားနဲ့ အရပ်ဝတ်နဲ့ လူနှစ်ယောက်ဝင်လာပြီး စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ အခု ၅၆၆ တပ်ရင်းမှာဖမ်းထားတယ်။ဘာကြောင်းဖမ်းသွားတယ် မသိရသေးဘူး'' ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

သံတွဲမြို့ ရွှေရိုးမဆီဆိုင်မှ မန်နေဂျာဖြစ်သူ ကိုဘိုသန်းကျော်(၄၂ နှစ်)ကို  နိုဝင်ဘာ ၅ ရက်နေ့က မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

 '' စစ်ကားတွေနဲ့လာဖမ်းတာ။  ကြံတိုင်းအောင်ဆီဆိုင်က မန်နေဂျာရယ်၊ ရွှေရိုးမက မန်နေဂျာရယ်ကို လာဖမ်းတာပြောကြတယ်။ ကြံတိုင်းအောင်က တစ်ယောက်က လွတ်သွားပြီး သူက(ကိုဘိုသန်းကျော်) အဖမ်းခံလိုက်ရတာ'' ဟု နိရဉ္စရာ သို့ပြောသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း သံတွဲမြို့ ကြံတိုင်းအောင်ဆီဆိုင်ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခြင်းများလုပ်ခဲ့ကြောင်း မျက်မြင်များက နိရဉ္စရာ သို့ပြောကြသည်။

သံတွဲမြို့နယ်တွင် ၂လ အတွင်း ဖမ်းဆီးခံထားရသူ(၂၁) ဦးအထိရှိလာနေပြီး ၄င်းတို့အထဲမှ( ၄) ဦးမှာ မတရားအသင်းဆက်သွယ်ရေးပုဒ်မ ၁၇(၁) ဖြင့်တရားစွဲဆိုထားသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...