ပုသိမ်မြို့၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးရှေ့တွင်ဗုံးပေါက်ကွဲပြီးနောက် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ပုသိမ်မြို့၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးရှေ့တွင်ဗုံးပေါက်ကွဲပြီးနောက် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၃) မြတ်တိုရပ်ကွက်ရှိ အထူးစုံစမ်းစစ်ဆေးရ ရုံးရှေ့ တွင် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

အဆိုပါဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့(PSTF)နှင့် ကန်ကြီးထောင့်(ပကဖ)တို့ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PSTF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးရှိရာ အမှတ်(၁၃)ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲများက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။

ထိုသို့ ပိတ်ဆို့စစ် ဆေးရာတွင် အမျိုးသမီးတစ်ဦးအပါအဝင်လမ်းသွားလမ်းလာငါးဦးကို စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီး သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မြက်တိုရပ်ကွက်ထဲမှာ ပိတ်ဆို့စစ်ဆေးပြီး လမ်းသွားလမ်းလာငါးယောက်ကို ဖမ်းသွားတာလို့သိရတယ်။ အဖမ်းခံရတဲ့အထဲမှာ မိန်းကလေးတစ်ယောက်လည်းပါတယ်။ Mask အနက်တပ်ထားလို့ဆိုပြီး ဖမ်းခေါ် သွားတာပါ” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများကို ပုသိမ်မြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။

ပုသိမ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း၊ စစ်ကောင်စီသတင်းပေးနှင့် ရဲတပ်ဖွဲ့ထံသို့ သတင်းပေးနေသူ များကို PDF တပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခြင်းများပြုလုပ်ပြီးသည့်အကြိမ်တိုင်း စစ်ကောင်စီတပ် များနှင့် ရဲများက ဒေသခံပြည်သူများကို ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...