စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုပေါ် တုန့်ပြန်သွားမည်ဟု AA ပြော

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုပေါ် တုန့်ပြန်သွားမည်ဟု AA ပြော
အောက်တိုဘာ ၃၁ ရက်နေ့က ပီစိ ရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင် ၃ ဦးအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
အောက်တိုဘာ ၃၁ ရက်နေ့က ပီစိ ရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင် ၃ ဦးအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG

လက်ရှိ ရခိုင်ပြည်နယ်အနှံ့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နေ့စဉ်နီးပါး တိုက်ပွဲ‌ွဖြစ်ပွားနေပြီး မြန်မာ စစ်တပ်၏ လုပ်ရှားမှုအပေါ်မှာမှုတည်ကာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာစစ်တပ်က နေ့တိုင်းနှင့်အမျှ အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာ များသို့ ပစ်ခတ်မှုများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်အောက်တိုဘာလအတွင်းက အရပ်သား ၆ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“ မြန်မာစစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးတော့ အပြစ်မဲ့ အရပ်ပြည်သူတွေ၊  ကျွဲ၊ နွားတိရစ္ဆာန်တွေ နေ့တိုင်းဆိုသလို သေဆုံး ဒဏ်ရာရတာတွေ ရှိနေတယ်။ အဲဒီလို ရှိနေတဲ့အတွက် အခု စစ်ရေးအခြေအနေတွေကတော့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်မှာမှုတည်ပြီးတော့ ကျနော်တို့ဖက်က တုန့်ပြန်သွားဖို့ရှိနေတယ်”ဟု AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ပီစိ(ရခိုင်)ရွာတွင် စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်(ကျောက်တော်) စကခ(၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင်အိပ်နေသည့် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး နွားများလည်းသေဆုံးကာ နေအိမ်များလည်း ပျက်စီးမှုများရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်က ပြည်သူများနေထိုင်ရာ ကျေးရွာနှင့် အနီးနားဝန်းကျင်ကို ပစ်မှတ်ထားကာ လက်နက်ကြီးများပစ်ခတ်နေခြင်းမှာ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“အခုက ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ တိုက်ပွဲ ဖြစ်လာတဲ့အတွက် မြန်မာစစ်တပ်ဖက်က ULA/AA စခန်းတွေကို သိမ်းပိုက်ဖို့ဆိုတာထက် ပြည်သူတွေကို ဒုက္ခပေးပြီးတော့ ULA/AA နဲ့ ကင်းကွာသွားအောင်၊ ULA/AA ကြောင့် ဒုက္ခရောက်တယ်ပုံစံမျိုး သဘောထားတွေပြောင်းလဲသွားအောင် ကြိုးစားဆောင် ရွက်နေတာဖြစ်တယ်။ ULA/AA နဲ့ ပြည်သူကြားမှာ ရန်တိုက်ပေးနေတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် မြန်မာစစ်တပ်က ပြည်သူတွေကို တမင်တကာ ရည်ရွယ်ချက်ဖြင့် ဓားစာခံလုပ်ပြီး AA ကို အနိုင်ယူ ဖို့ ကြိုးစားနေခြင်းမှာ နည်းဗျုဟာအသစ်အနေနဲ့ ပြည်သူများကို ဒုက္ခရောက်အောင် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဦးဖေသန်းက ဆက်ပြောသည်။

ထိုသို့ AA ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ရခိုင်တိုက်ပွဲများပြင်းထန်လာခြင်းမှာ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုပေါ်တွင် မူတည်နေကြောင်း DMG ကို ပြောဆိုသည်။

“ရခိုင်ပြည်နယ် စစ်ကောင်စီအပေါ်မှာ မှုတည်ပြီးတော့ AA အနေနဲ့ တိုက်ပွဲတွေရပ်တန့်သွားမှာ မဟုတ်ဘူး။ AA ဖက်ကနေပြီးတော့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့ဟာနဲ့သူ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျနော်ကတော့ မြင်တယ်”ဟု ဦးသန်းစိုးနိုင်ကဆိုသည်။

လက်ရှိ ရခိုင်တကျော့ပြန်စစ်ပွဲများမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး အဓိကအားဖြင့် နယ်စပ်ဒေသများဖြစ်သော ဘင်္ဂလားဒေ့ရှ် - မြန်မာ- အိန္ဒိယနယ်ချင်းဆက်နေသည့် နေရာများဖြစ်သော မောင်တောနှင့် ပလက်ဝဒေသတို့အပြင် ရခိုင်တောင်ပိုင်းဒေသဖြစ်သော တောင်ကုတ်မြို့နယ်အထိ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာနေသည်ကို တွေ့ရသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...