ပင်လုံမြို့ စက်သုံးဆီ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရ

ပင်လုံမြို့ စက်သုံးဆီ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရ
ဒေါ်ညိုအလောင်းတွေ့ရှိစဥ်
ဒေါ်ညိုအလောင်းတွေ့ရှိစဥ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း နေထိုင်သူ စက်သုံးဆီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး သေနတ် ပစ်သတ်ခံရကြောင်း စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၃၀) ရက် ညပိုင်း ၇ နာရီဝန်းကျင်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဒေါ်ညိုကို ကားဖြင့် အိမ်ထိလာရောက်ခေါ်ခဲ့ပြီး ယနေ့ (အောက်တိုဘာ ၃၁) ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် ဒေါ်ညို၏ အလောင်းကို နောင်လိုင်ကျေးရွာအုပ်စု နမ့်လင်းကျေးရွာရှိ ခြံတစ်ခုထဲတွင် တွေ့ရှိခဲ့ကြောင်း ပင်လုံမြို့ အသက် ၅၀ အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ ည ၇ နာရီအချိန်မှာ ဒေါ်ညိုကို အမျိုးသားတစ်ဦးက ကားနဲ့ လာခေါ်သွားတယ်။ တစ်ညလုံး ပျောက်သွားပြီး ဒီနေ့လည်း တစ်နေ့လုံး ဖုန်းဆက်မရတော့ သက်ဆိုင်ရာ ဌာနကို တိုင်ကြားတယ်။ နောင်လျန်ရွာက ဒေသခံ တစ်ဦးက အလောင်းတွေ့တယ်လို့ အကြောင်းကြားလာတော့ သွားကြည့်တယ်။ တကယ်ပဲ ပင်လုံက ဒေါ်ညိုဖြစ်မှန်း သိရတယ်။ အလောင်းကတော့ သေနတ်မှန်ထားတဲ့ ဒဏ်ရာ သေဆုံးနေတယ် “ ဟု ၎င်း အမျိုးသားက ဆိုသည်။

လက်ရှိမှာတော့ ဒေါ်ညို၏ အလောင်းကို ပင်လုံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။

ဒေါ်ညိုသည် ပင်လုံမြို့အထွက်ရှိ ဆီပန့်ဆိုင် ပိုင်ရှင်ဖြစ်ပြီး ငွေရေးကြေးရေး ပြသာနာကြောင့် ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရကြောင်း ပင်လုံမြို့ ဒေသခံများက ပြောဆို သုံးသပ်ကြသည်။

“ဒေါ်ညိုက ငွေရေးကြေးရေး ပြသာနာကြောင့် အခုလို ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရတယ်။ ပင်လုံမှာ သူတို့အရမ်း ချမ်းသာပါတယ် “ ဟု ၎င်းဒေသခံများက ပြောဆိုသည်။

ဒေါ်ညိုသည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး သား နှင့် သမီး (၄) ဦး ရှိထားကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာ ဌာန ရဲတပ်ဖွဲ့များက အမှုဖွင့်ရန်အတွက် စုံစမ်းစစ်ဆေးမေးမြန်း ထားနေကြောင်း သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...