ပင်လုံမြို့ စက်သုံးဆီ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရ

ပင်လုံမြို့ စက်သုံးဆီ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရ
ဒေါ်ညိုအလောင်းတွေ့ရှိစဥ်
ဒေါ်ညိုအလောင်းတွေ့ရှိစဥ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း နေထိုင်သူ စက်သုံးဆီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး သေနတ် ပစ်သတ်ခံရကြောင်း စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၃၀) ရက် ညပိုင်း ၇ နာရီဝန်းကျင်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဒေါ်ညိုကို ကားဖြင့် အိမ်ထိလာရောက်ခေါ်ခဲ့ပြီး ယနေ့ (အောက်တိုဘာ ၃၁) ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် ဒေါ်ညို၏ အလောင်းကို နောင်လိုင်ကျေးရွာအုပ်စု နမ့်လင်းကျေးရွာရှိ ခြံတစ်ခုထဲတွင် တွေ့ရှိခဲ့ကြောင်း ပင်လုံမြို့ အသက် ၅၀ အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ ည ၇ နာရီအချိန်မှာ ဒေါ်ညိုကို အမျိုးသားတစ်ဦးက ကားနဲ့ လာခေါ်သွားတယ်။ တစ်ညလုံး ပျောက်သွားပြီး ဒီနေ့လည်း တစ်နေ့လုံး ဖုန်းဆက်မရတော့ သက်ဆိုင်ရာ ဌာနကို တိုင်ကြားတယ်။ နောင်လျန်ရွာက ဒေသခံ တစ်ဦးက အလောင်းတွေ့တယ်လို့ အကြောင်းကြားလာတော့ သွားကြည့်တယ်။ တကယ်ပဲ ပင်လုံက ဒေါ်ညိုဖြစ်မှန်း သိရတယ်။ အလောင်းကတော့ သေနတ်မှန်ထားတဲ့ ဒဏ်ရာ သေဆုံးနေတယ် “ ဟု ၎င်း အမျိုးသားက ဆိုသည်။

လက်ရှိမှာတော့ ဒေါ်ညို၏ အလောင်းကို ပင်လုံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။

ဒေါ်ညိုသည် ပင်လုံမြို့အထွက်ရှိ ဆီပန့်ဆိုင် ပိုင်ရှင်ဖြစ်ပြီး ငွေရေးကြေးရေး ပြသာနာကြောင့် ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရကြောင်း ပင်လုံမြို့ ဒေသခံများက ပြောဆို သုံးသပ်ကြသည်။

“ဒေါ်ညိုက ငွေရေးကြေးရေး ပြသာနာကြောင့် အခုလို ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရတယ်။ ပင်လုံမှာ သူတို့အရမ်း ချမ်းသာပါတယ် “ ဟု ၎င်းဒေသခံများက ပြောဆိုသည်။

ဒေါ်ညိုသည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး သား နှင့် သမီး (၄) ဦး ရှိထားကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာ ဌာန ရဲတပ်ဖွဲ့များက အမှုဖွင့်ရန်အတွက် စုံစမ်းစစ်ဆေးမေးမြန်း ထားနေကြောင်း သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...