မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များအား မွှေနှောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွား

မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များအား မွှေနှောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းတွင်ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နှမ်းဆီကန်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ခန့်ဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်မှစတင်ကာ နှမ်းဆီကန်ကျေးရွာရှိ အိမ်ခြေ ၂၀၀ ခန့်အား ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

“ရောက်တဲ့နေမှာ အိမ်ခြေ ၁၀၀ လောက်ကို မွှေသွားတယ်။ ၂၆ ရက်နေ့ မနက်မှာ နှမ်းဆီကန်တောင် ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းကို တော်တော်လေး မွှေသွားတာ။ တော်တော် ပျက်စီးသွားတယ်။ နှစ်ရက် တိုင်တိုင် ချက်ပြုတ်စားသောက်ပြီး သူတို့လိုချင်တဲ့ပစ္စည်းတွေ ယူသွားတယ်” ဟု နှမ်းဆီကန်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်မှ မွှေနှောက်ဖျက်ဆီးခဲ့သောကြောင့် နှမ်းဆီကန်ရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိသည့်အနက် အိမ်ခြေ ၂၀၀ ခန့်အား တစ်အိမ်တက်တစ်အိမ်ဆင်း ဗီရို၊သေတ္တာများအား ဖျက်ဆီးကာ အဖိုးတန်ပစ္စည်း များ ယူဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဆိုင်ကယ်နှစ်စီး၊ ဖုန်းတစ်လုံး၊ ရွှေလက်စွပ် နှစ်ကွင်း၊ ငွေသား ကျပ် ၁,၅၇၀,၀၀၀ နှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်အကောင်ပေါင်းများစွာကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် နှမ်းဆီကန်ရွာမှ ပစ္စည်းများ ကိုယူဆောင်ကာ ဆယ်ပြားကျေးရွာသို့ ထွက်ခွာသွားကြောင်းသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...