အင်းစိန်ထောင်အတွင်း သေဒဏ်ကျအကျဉ်းသား ၅၀ ကျော်ရှိနေပြီးစိုးရိမ်ရဟုဆို

အင်းစိန်ထောင်အတွင်း သေဒဏ်ကျအကျဉ်းသား ၅၀ ကျော်ရှိနေပြီးစိုးရိမ်ရဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်ထောင်အတွင်း သေဒဏ်ကျအကျဉ်းသား ၅၀ ကျော်ရှိနေပြီး လတ်တလော တွင် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်ထံကသိရသည်။

သေဒဏ်ကျ အကျဉ်းသား ၅၀ ကျော်ကို သေဒဏ်တိုက်၊ စစ်ခွေးတိုက်နှင့် ထောင်တွင်း အခြားနေရာများ တွင် ဖမ်းဆီးထားသည်ဟု သိရသည်။

" သေဒဏ်တချို့က အမှုထပ်တိုးတာတွေ ရင်ဆိုင်ရတာတွေရှိတယ်။ အဲ့ဒီအမှုအတွက် Video conference နဲ့ထုတ်တယ်။ သေဒဏ်ကျတဲ့သူတွေ အခြေအနေကတော့ သိရဖို့ခက်တယ်။ တစ်ခါတလေ ကြပ်တယ်။ တစ်ခါတလေတော့ပေါ့တယ်။ ဝန်ထမ်းက မတူဘူးလေ။ လိုက်လျောတဲ့သူရှိသလို နည်းနည်းဇောင်းထတဲ့ သူလည်းရှိတယ်" ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

လက်ရှိတွင် သေဒဏ်ကျနိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထားသော စစ်ခွေးတိုက်တွင် ခွေးသံများကို တစ်ချိန်လုံးကြားနေရသည်ဟုဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အဆောင် (၃) အနီးရှိ ကြိုးစင်တစ်ခုအား အမိုး ဆေးသုတ်နေသည် ကိုတွေ့လိုက်သည်ဟု နိုင်/ကျဉ်းတစ်ယောက်ကဆိုသည်။

ဦးဂျင်မီနှင့် ဦးဇေယျာသော်တို့ကို ကြိုးမိန့်ပေးပြီးနောက်ပိုင်း သေဒဏ်ကျနိုင်ကျဉ်းအချို့ကို ကြိုးမိန့်ပေး သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် တရားဝင်အတည်ပြုချက် ထုတ် ပြန်ခြင်းမရှိပေ။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ထိ သေဒဏ်ချမှတ်ခံထားရသူ ၁၂၆ ဦးရှိပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၂၇၄၆ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...