လားရှိုးမြို့၌ ၂ ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိခဲ့ပြီး ၁ ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၄ လောင်း တွေ့ရှိ

လားရှိုးမြို့၌ ၂ ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိခဲ့ပြီး ၁ ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၄ လောင်း တွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ထဲ ယမန်နေ့နှင့် ယနေ့၌ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်း နှစ်လောင်း တွေ့ရှိခဲ့ကြောင်း အလောင်းအား သွားရောက် သယ်ဆောင်ပေးသည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းထံက သိရသည်။

ယမန်နေ့က တွေ့ရှိသည့်အလောင်းသည် ရပ်ကွက်(၅)တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့တွေ့ရှိသည့် အလောင်းကလည်း ရပ်ကွက်(၅) အထက်ရှိ ရေကန်တောင်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က လားရှိုးမြို့နယ် ဖာလျံရွာ၏ပြောင်းခြံထဲ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သလို အောက်တိုဘာ ၂၀ ရက်တွင်လည်း ရပ်ကွက်(၅)၌ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး တစ်ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း လေးလောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူများသည် ဘာကြောင့် သေဆုံးသည်ကို အတည်မပြုနိုင်သေးဘဲ အောက်တိုဘာလအတွင်း လားရှိုးမြို့တွင် ပိုင်ရှင်မဲ့အလောင်း ဆက်တိုက် တွေ့ရှိလာနေပြီး ခိုးမှု၊ ဓားပြတိုက်မှုနှင့် ရိုက်နှက်မှုများလည်း နေ့စဥ်နီးပါး ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...