ပုသိမ်ကြီးမြို့နယ် ကန်ကောက်အရှေ့ ကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရ

ပုသိမ်ကြီးမြို့နယ် ကန်ကောက်အရှေ့ ကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်အရှေ့ ကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် အောက်တိုဘာ ၂၄ရက် ည ၇နာရီ ၄၀မိနစ်က ဗုံးပစ်ခံရခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင် ငါးဦးခန့် ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်ရာတွင် ပျူ ၊ဒလန် ၊ထွေအုပ်ဝန်ထမ်းများနှင့် Non CDMများ အစည်းအဝေး ပြုလုပ်နေစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးခွဲတိုက်ခိုက်ခြင်းကို No More Dictatorship People Defence Force _ NMD အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

"အိမ်ရာက ဝန်ထမ်း သုံးဦးထိတာလို့သိရတယ်။ ပေါက်ကွဲတဲ့အသံက ပြင်းတယ်။ အခုတော့ အဲဒီနားမှာ စစ်ကောင်စီတပ်က ပတ်ရမ်းနေတယ်” ဟု အဆိုပါအိမ်ရာအနီးတွင် နေထိုင်သူက မဇ္ဈိမကိုပြောသည်။

အဆိုပါအိမ်ရာတွင် စစ်မှုထမ်းဟောင်းများ၊ စည်ပင်ဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်း၊ ဆက်သွယ် ရေးဝန်ထမ်းနှင့်ပညာရေးဝန်ထမ်းများ အများစုနေထိုင်ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်ခဲ့ပြီး ဆက်သွယ်ရေးဝန်ထမ်း အမျိုးသားတစ်ဦး နောက်ကျော ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးကဆိုသည်။

ထိုသို့ ထိမှန်ဒဏ်ရာရသူ နှစ်ဦးစလုံးမှာ စိုးရိမ်ရပြီး လက်ရှိတွင် မန္တလေးဆေးရုံးကြီး၌ ကုသနေကြောင်းသိရသည်။

"အခု မနက်ထိတော့ မသေသေးဘူး။ သေဖို့များတယ်။ ဆေးရုံလိုက်သွားတဲ့ မိသားစုဝင်တွေပြန်မလာသေးဘူး။ အခုကတော့ အိမ်ရာဝင်းထဲမှာ ပုံမှန်ပဲ။ လုံခြုံရေး ဘာညာအထူး မချထားဘူး။ အပြင်လမ်းတွေမှာတော့ စစ်တာ ဆေးတာရှိတယ်"ဟု အိမ်ရာဝင်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိ အဆိုပါအိမ်ရာဝင်းအနီးတွင် ပုံမှန်အခြေအနေရှိသော်လည်း ဝန်ထမ်းအချို့မှာ အပြင်မထွက်ရဲသောကြောင့် ရုံး နှင့် ကျောင်းများသို့ သွားရောက်ခြင်း မပြုဘဲ ရှိနေ ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...