ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်လဝကရုံးနဲ့ သမဝါယမရုံးတို့ကို PDF များမှ မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်လဝကရုံးနဲ့ သမဝါယမရုံးတို့ကို PDF များမှ မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Article-11 News ဆိုတဲ့ အကောင့်ကနေပြီး “၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် မနေ့က ည ၁၁ နာရီခွဲခန့်က တီးတိန်မြို့ရှိ  မြို့မရဲစခန်းအား PDF များမှ လာရောက် ပစ်ခတ်ရာ လုံခြုံရေးအဖွဲ့များမှ ပြန်လည်တိုက်ခိုက်သဖြင့်  PDF များဆုတ်ခွာထွက်ပြေးသွားပြီး မြို့နယ်လဝကရုံးနှင့် သမဝါယမရုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်း မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရှိရပါသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီမီးလောင်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး တီးတိန်ဒေသ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PDF- Zoland အနေနဲ့ “သူတို့လက်ချက်မဟုတ်သလို ပြည်သူများကို စိုးရိမ်ထိန်လန့်အောင်လုပ်နေတဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့” သတင်းထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့နယ် မိန်းပေါက်ဘက်ကို တာဝန်ယူထားတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF CDM-SIYIN အနေနဲ့လည်း အဲ့ကြောင်းအရာများနဲ့ ပတ်သက်ပြီး “သူတို့အနေနဲ့ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသလို ဒေသခံတပ်များထံ အသိမပေးပဲ တစ်စုံတရာ လှုပ်ရှားမှုများ ဖြစ်သွားတဲ့အပေါ် အမည်မသိ လက်နက်ကိုင်တချို့ကိုလည်း ရှုတ်ချပါကြောင်း” သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်မှပြီး တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ သမဝါယမရုံး၊ မီးလောင်ခြင်း၊ ပြည်သူ့အင်အားဝန်ကြီးဌာနရုံး ၊ ဝန်ထမ်းအိမ်ယာများ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်နေစဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် တီးတိန်-လိုင်လိုးရွာကြားရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး နေအိမ်ရှိအမျိုးသမီး တစ်ဦးနဲ့ တီးတိန်မြို့ အနောက်ဘက်ရပ်ကွက်ရှိ ဒေသခံတစ်ဦးတို့ လက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့  မြို့နေဒေသခံများကနေ သိရှိရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...