KIO နေ့အထိမ်းအမှတ်ပွဲ အကြို ပြုလုပ်နေချိန် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA တပ်သားများ၊ ကချင်အနုပညာရှင်များအပါအဝင် အရပ်သား (၆၀) ဦးခန့်သေဆုံး

KIO နေ့အထိမ်းအမှတ်ပွဲ အကြို ပြုလုပ်နေချိန် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA တပ်သားများ၊ ကချင်အနုပညာရှင်များအပါအဝင် အရပ်သား (၆၀) ဦးခန့်သေဆုံး
ပုံဟောင်းဖြစ်ပါသည်။
ပုံဟောင်းဖြစ်ပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIAတပ်မဟာ(၉) အနန်ပါဘက်တွင် KIO နေ့အထိမ်းအမှတ်ပွဲ အကြို ပြုလုပ်နေချိန် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၆၀) ဦးခန့်သေဆုံးကြောင်း တပ်မဟာ(၉)အောက်၊ တပ်ရင်း(၆) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KIAတပ်မဟာ(၉) အနန်ပါဘက်ကို စစ်ကောင်စီတပ်နေကနေ မနေ့ည(၈)နာရီခွဲလောက်မှာ လေယာဉ်သုံးစင်းနဲ့ သွားရောက် ပစ်ခတ်ခဲ့တာကြောင့် KIAတပ်သားတွေအပြင် ကချင်အနုပညာရှင်များနှင့် အရပ်သားများ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“(၅၈)ယောက်လောက် ဟုတ်တယ်။ ဒဏ်ရာရတာကတော့ (၅၀)လောက်ရှိမယ်။ ဒဏ်ရာ ပြင်းထန်တာတွေရော။ မပြင်းထန်သူတွေ ရောပါတာပေါ့။ KIO နေ့အထိမ်းအမှတ်ပွဲ အကြိုအနေနဲ့ လုပ်နေချိန်။” လို့ အထက်ပါတာဝန်ရှိသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားခဲ့တာပါ။

တပ်မဟာ(၉)ဘက် ရောက်ရှိနေသူတစ်ဦးနဲ့ နောက်ဆုံးဆက်သွယ်မိခဲ့တဲ့ ဒေသခံရဲ့ ပြောပြချက်အရ သေဆုံးသူ ရုပ်အလောင်း(၆၀)လောက် ရှိနေပြီ ဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။

 “ရှိုးပွဲလုပ်နေချိန် လာပစ်ချသွားတာ။ မနေ့က ထုတ်တဲ့ အလောင်းက (၆၀)လောက်ရှိတယ် ပြောတယ်။ ဗိုလ်ကြီးတွေရော တော်တော်များများပါသွားတယ်တဲ့”လို့သူက ပြောပါတယ်။

 နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အစည်းအဝေး မတိုင်ခင်(၂၂)ရက်နေ့ကလည်း ဂေါက်(Golf)ပြိုင်ပွဲတွေပါ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“stageစင်မှာကို လက်နက်ကြီး နှစ်ခုချပေးတာ။ တော်တော်ထိခိုက်တယ် ပြောတယ်။ သူတို့ မနေ့တစ်နေ့ကလည်း ဂေါက်တွေ အကြီးအကျယ်ရိုက်တယ် ပြောတယ်”လို့ ဆိုပါတယ်။

အဲဒီပွဲအတွက် ထမင်းချက်ပေးသူတွေ၊ လူငယ်တွေ၊ အနုပညာရှင်တွေ အဲဒီဘက် ရောက်ရှိနေကြတာ ဖြစ်ပြီး စစ်ကောင်စီကနေ မနေ့ည လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အထဲ KIA အရာရှိတွေအပြင်တော်တော်များများ ထိခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး KIO/KIA ပြန်ကြားရေးတာဝန်ခံဆီ ဆက်သွယ်ခဲ့ပေမယ့် အသေးစိတ် မသိရှိရသေးကြောင်းသာ ဖြေကြားခဲ့ပါတယ်။

အသေးစိတ်ကို ထပ်မံတင်ပြပါမည်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...