FATF ထုတ်ပြန်ချက်ကို မစိုးရိမ်ရန်နှင့် စျေးကွက်အတွင်း မသမာမှုများပြုလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်ထုတ်ပြန်

FATF ထုတ်ပြန်ချက်ကို မစိုးရိမ်ရန်နှင့် စျေးကွက်အတွင်း မသမာမှုများပြုလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်ထုတ်ပြန်

မဇ္ဈိမ ။ ။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စိုးရိမ်ခြင်းမရှိရန်နှင့် စျေးကွက်အတွင်း မသမာမှုများပြုလုပ်ပါက လိုအပ်သလိုအရေးယူသွားမည်ဟုစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းခံရခြင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများစိုးရိမ်ခြင်းမပြုရန်နှင့် အဆိုပါကြေညာချက်အားအကြောင်းပြု၍ ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြပါရန် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် FATF တွင် အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း FATF ပုံစံဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG)တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် FATF ၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်လျက်ရှိရာ မူလအကဲဖြတ်စဉ်က အကြံပြုချက် ၄၀ တွင် စံနှုန်းသတ်မှတ်ချက် အချက် ၂၀ ကျော်အား သတ်မှတ်ကာလအတွင်း ပြည့်မီမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် စံနှုန်းသတ်မှတ်ချက် ၂၄ ချက်ပြည့်မီမှုရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ယခင်ကလည်း အလားတူစာရင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရောက်ရှိခဲ့ရာ ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင်လည်း ပြန်လည်လွတ်မြောက်စေရန် စီမံဆောင်ရွက်လျက်ရှိကာ လာမည့်တစ်နှစ်အတွင်း ဆောင်ရွက်မည့် Action Plan များ ချမှတ်ရေးဆွဲပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...