ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် စစ်ကောင်စီမြို့စောင့်တပ် ထွက်ပြေး

ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် စစ်ကောင်စီမြို့စောင့်တပ် ထွက်ပြေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် KTLA,KNLA,PDF တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ၏မြို့စောင့်တပ်သည် တိုက်ပွဲဖြစ်ပွားသည့်အချိန်က ၎င်းတို့စခန်းကုန်းကို စွန့်ခွာထွက်ပြေး သွားကြောင်း သိရသည်။

“သူတို့က ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ တပ်ဖွဲ့ပါ။ သူတို့ ပြန်ဆုတ်သွားတဲ့အချိန်မှာ တပ်ရင်း (၁၈)နဲ့ ဒေါနစစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ရင်း စခန်းကို မီးရှို့ခဲ့တာပါ သူတို့အင်အားက ၂၀ ကျော် ၃၀ လောက်ရှိတယ်”ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးဗိုလ်တာလောက ပြောသည်။

ကော့ကရိတ်မြို့သည် အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှထိန်းချုပ်ထားသည့် မြို့ဖြစ်ပြီး မြို့အနီး ဝန်ကျင်တွင် တပ်ရင်း(၁၃)ရင်း ရှိကြောင်းသိရသည်။ တော်လှန်ရေးအင်အားစုများ တိုက်ခိုက်ခဲ့သည့် ခလရ(၉၇)တပ်ရင်းသည် ရှမ်းပြည်နယ် လောက်ကိုင်ဒေသကို အဓိကစစ်ဆင်ရေးပြုလုပ်ရသည့် တပ်ရင်း ဖြစ်သည်။ အဆိုပါ တပ်ရင်းသည် KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် မတ်လအတွင်းက တိုက်ပွဲအတွင်း သုံးဦးသေဆုံးကာ ၂၇ ဦးဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့စစ်ဆင်ရေးပြုလုပ်သည့် နေရာများတွင် သေဆုံး၊ ဖမ်းဆီးခံရမှုရှိခဲ့သည့်အတွက် တပ်ရင်းအတွင်းမှစစ်သည်မိသားစုများမှ စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့သေးသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို ဗိုလ်ကျော်သက်၊ ဗျူဟာမှူး စောအယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်း၊ ကော်သူးလေတပ်မတော်(KTLA) ၊ KNLA ၊ ကျားဖြူ စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Eagle Brigade ၊ Black Panther Colum ၊ KNLA တပ်ရင်း ၁၈ ၊ Angry Bird Drone အဖွဲ့၊ ARMS Drone အဖွဲ့၊ Federal Wings ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ကော့ကရိတ်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၅၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အနေဖြင့် MA လေးလက်၊ M 16 တစ်လက်၊ ၄၀ မမ ကျည် ၅၀ နှင့် ကျည်ဆံ ၃၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ ရှစ်ဦးခန့်ကျဆုံးခဲ့ကြောင်း Lion Battalion စစ် ကြောင်းမှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...