ဗန်းမော်မြို့နယ်အတွင်းက ရွှေတူး စက်လှေများအား စစ်ကောင်စီမှ ဖမ်း ဆီးပြီး ငွေကြေးတောင်းခံနေသောကြောင့်ထွက်ပြေးတိမ်းရှောင်

ဗန်းမော်မြို့နယ်အတွင်းက ရွှေတူး စက်လှေများအား စစ်ကောင်စီမှ ဖမ်း ဆီးပြီး ငွေကြေးတောင်းခံနေသောကြောင့်ထွက်ပြေးတိမ်းရှောင်

ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေကြတဲ့ ရွှေတူးစက်လှေအားလုံး ပြီးခဲ့တဲ့ (၃) ရက်လောက်ကစပြီး ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

မြတောင်၊ ဘူးတောင်း နဲ့ ဝက်သိုးကျေးရွာကြားက ဧရာဝတီမြစ်လယ်ခေါင် မှာ စက်လှေပေါ် ရွှေမျောဖောင်တွေတင်ပြီး ရွှေတူးဖော်နေကြတဲ့ စက်လှေအားလုံးကို စစ်ကောင်စီက ဖမ်းဆီးပြီး ငွေကြေး တောင်းခံတာတွေ ပြုလုပ်တာကြောင့် စက်လှေတွေအားလုံး အဲဒီနေရာကနေ ထွက်ပြေး တိမ်းရှောင်သွားကြတာပါ။

အဲဒီ ရွှေတူးစက်လှေတွေကို မြလယ်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ မံစီ (၆၀၁) တပ်က တပ်ဖွဲ့ဝင်တွေကနေဖမ်းဆီးငွေကြေးတောင်းခံနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဝင်ခဲ့တာနဲ့ ထွက်ပြေးကြတယ်။ အခုစစ်ကြောင်း ရောက်ခဲ့လို့ အဲဒီ မံစီတပ်ကလို့ ပြောတာပဲ။ အဲဒါ စက်လှေတွေကို ပိုက်ဆံလိုက်တောင်း တာ ။ ဖမ်းတဲ့ဟာတွေလည်း ဖမ်းထားပြီးတော့ ပိုက်ဆံ နဲ့ပြန်လွတ် ပေး အဲဒီလိုမျိုးလုပ်နေကြတယ်။ ရှောင်တိမ်းနေတဲ့နေရာမှာ ဘယ်သူမှတော့ လာမတူးကြသေးဘူး။”လို့ ဒေသခံက ဆိုပါတယ်။

မန္တလေးကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော (၆) စီး အရင်တပတ်က ဗန်းမော်ဘက်ကို ဆန်တက်လာတာ ဖြစ် လို့ စစ်ကောင်စီဘက်က ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို ခေတ္တရပ်နားခိုင်းထားပြီးနောက် အခုလို ဖမ်းဆီးငွေကြေးတောင်းခံတာတွေပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေတူးစက်လှေ အမျိုးအစားအလိုက် ကျပ်သိန်း (၂၀) ကနေ သိန်း (၆၀) အထိ စစ်ကောင်စီဘက်ကိုအခွန်ပေးဆောင်ပြီး တူးဖော်နေကြတာဖြစ်လို့ လက်ရှိအချိန်မှာ ခေတ္တတိမ်းရှောင်တဲ့ သဘောမျိုးသာဖြစ်တယ်လို့နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခြေနေကောင်းမှ ပြန်လုပ်မယ့် သဘောရှိတယ်။ သူတို့ အခွန်တွေ ပေးထားတယ်လို့ ပြောတာပဲ။ အခုအခြေနေတွေ ပြီးသွားရင်ပေါ့။ သင်္ဘောတွေ တက်ပြီးသွားရင်ပေါ့။တကယ်တော့ နားလည်မှုနဲ့လုပ်စားနေကြတာပါဗျာ အားလုံးက” လို့ဆိုပါတယ်။

အဲဒီစက်လှေတွေဟာ စက်တင်ဘာလအစောပိုင်းကနေ စတင်လာရောက်တူးဖော် နေကြတာဖြစ်ပြီး စတူးချိန်ကအစီး ဆယ်ဂဏန်းဝန်းကျင်လောက်သာ ရှိခဲ့ရာကနေ လပိုင်းအတွင်း ငါးရာနီးပါးအထိ ရှိလာတာလည်းဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့နောက် လအနည်းငယ်အကြာကနေ ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေတူးဖော်သူတွေ များပြားလာတာလည်း ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...