ရှမ်းမြောက်တွင် KIA ၏ ရှေ့တန်းစခန်းတစ်ခုအား စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေဟုဆို

ရှမ်းမြောက်တွင် KIA ၏ ရှေ့တန်းစခန်းတစ်ခုအား စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံကျေးရွာဘက်က KIA ရဲ့ ရှေ့တန်း Post တစ်ခုကို စစ်ကောင်စီရဲ့တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်မ (၉၉) နဲ့ ခလရ (၁၀၁) တပ်တွေကနေ KIA တပ်ရင်း (၃၄) တပ်ခွဲ (၃) တပ်ဘက်ကို မနေ့ညနေပိုင်းကနေ စစ်ကြောင်းထိုးနေပြီး ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ မနက်ပိုင်း (၉) နာရီကနေ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားနေတာ (၂) နာရီလောက်ရှိနေပြီဖြစ်တယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ (၉) နာရီကနေ တပ်ခွဲ (၃) တပ်မှာကို တိုက်နေကြပြီ။ (၂) နာရီလောက်တော့ ရှိနေပြီ။ စစ်ကောင်စီတွေ သွားပစ်တာဟုတ်တယ်” လို့ ဒေသခံကဆိုပါတယ်။

ဒါ့အပြင် လက်ရှိချိန်ထိ KIA ရဲ့ တပ်ခွဲ (၃) တပ်ကို စစ်ကောင်စီရဲ့ မန်တုံ ခလရ အထိုင်တပ်ရင်း (၁၃၀) တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာကြောင့် KIA ရဲ့ တပ်ရင်း (၃၄) နဲ့ PDF တို့ ပူးပေါင်းပြီး မန်တုံ ခလရ (၁၃၀) တပ်ဘက်ကို သွားရောက်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်လာတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉) ရက်နေ့က စစ်ကောင်စီရဲ့ မန်တုံတပ်နဲ့ ရဲစခန်းကို KIA ဘက်က တပ်ရင်း (၃၄) တွေနဲ့ PDF တို့ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကလည်း ပြန်လည် စစ်ကြောင်းထိုးတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ KIA တပ်ရင်း (၃၄) တပ်ခွဲ (၃) နယ်မြေရဲ့ မီတာ (၂၀၀၀) လောက်မှာ တအောင်းကျေးရွာဖြစ်တဲ့ ပန်ခလယ့်ကျေးရွာတည်ရှိပြီး တရုတ်နဲ့ လီဆူလူမျိုးတွေ အများဆုံး နေထိုင်တဲ့ ကျေးရွာပဲ ဖြစ်ပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...