ပူတာအိုမြို့နယ်အတွင်းက N-DUM LATEP ပတ်ဝန်းကျင်တွင် ရွှေတူးဖော်နေမှုအား ကချင်ရိုးရာနှင့် စာပေယဉ်ကျေးမှုအဖွဲ့မှ ကန့်ကွက်

ပူတာအိုမြို့နယ်အတွင်းက N-DUM LATEP ပတ်ဝန်းကျင်တွင် ရွှေတူးဖော်နေမှုအား ကချင်ရိုးရာနှင့် စာပေယဉ်ကျေးမှုအဖွဲ့မှ ကန့်ကွက်

ပူတာအိုမြို့နယ်အတွင်းက ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ သမိုင်းအမွေအနှစ် နေရာဖြစ်တဲ့ အင်ဒွမ်လတက်ပ် (N-DUM LATEP) ပတ်ဝန်းကျင်နေရာတွေမှာ ရွှေတူးနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှုအဖွဲ့ (ပူတာအို) ကနေ ဦးဆောင်ပြီး အင်အားပြမှုကို နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှု အဖွဲ့ (ပူတာအို) ကနေ ဦးဆောင်ပြီး ပူတာအိုမြို့နယ် နေရာအနှံ့က ကချင်ပြည်သူလူထုတွေပါ ပူးပေါင်းပါဝင်ပြီးတော့ N-DUM LATEP ပတ်ဝန်းကျင်နေရာတွေမှာ ရွှေတူးဖော်မှုကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ် စိုက်ထူတာတွေ၊ စာကပ်တာတွေကို အောက်တိုဘာလ (၁၅) ရက်နေ့နဲ့ (၁၆) နေ့ နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို လက်ရှိ ရွှေတူးဖော်နေတာဟာ ဦးခေါ်တားနဲ့ ဦးကျော်ဇင်မင်း (ကိုယ်စားလှယ်) ဆိုသူတို့ဖြစ်ပြီး ရွှေဆက်လက် မတူးဖော်ဖို့နဲ့ နောက်ထပ် ဝင်ရောက်ဖို့ စီစဉ်နေသူတွေ အားလုံးကိုလည်း လုံး၀ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှုအဖွဲ့ (ပူတာအို) ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

သမိုင်းဝင်နေရာဖြစ်တာကြောင့် လုံး၀ ကန့်ကွက်ကြောင်းနဲ့ ဘယ်သူ့ကိုမှ ရွှေတူးဖော်ခွင့် ပြုမှာ မဟုတ်ဘူးလို့ အထက်ပါ ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှုအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သမိုင်းဝင်နေရာ အရမ်းအရေးကြီးတဲ့ နေရာဖြစ်တယ်။ သမိုင်းဝင်နေရာမှာ ရွှေတူးဖော်မှုတွေ အကြီးအကျယ် လုပ်လာလို့ မလုပ်သင့်ဘူး ဆိုပြီး ကန့်ကွက်ရေး လုပ်တာ။ ကချင် တစ်မျိုးသားလုံး မှာတာဝန်ရှိတယ်။ အဲဒီနေရာ မြေပြင်တစ်ခုလုံးလို တူးနေကြတာ” လို့ သူက ပြောပါတယ်။

လက်ရှိ အဲဒီ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရကိုလည်း ကန့်ကွက်စာ တရားဝင် တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

အဲဒီနေရာ ပတ်ဝန်းကျင်မှာ ၂၀၂၁ ခုနှစ်အောက်တိုဘာလကတည်းက စတင်၀င်ရောက် တူးဖော်မှုတွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ဘက်ဟိုး အစီး (၂၀) လောက် ထပ်မံဝင်ရောက်ဖို့ ရှိတယ်လို့ သတင်းတွေကြားရတာကြောင့် ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

N-DUM LATEP ပတ်ဝန်းကျင်နေရာဟာာ အင်လွယ်ယန်ကျေးရွာရဲ့ အနီးအနားမှာ ရှိတဲ့ ရွာဟောင်းတစ်ခုဖြစ်ပြီး ပူတာအိုမြို့နယ်ထဲက လန်းတောင်အုပ်စုမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...