တန်ဂျာကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖျားနာနေပြီး ကုသမည့် ဆေးရုံဆေးခန်းမရှိ

တန်ဂျာကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖျားနာနေပြီး ကုသမည့် ဆေးရုံဆေးခန်းမရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ တန်ဂျာကျေးရွာမှာ လက်ရှိ ရွာလုံးကျွတ်နီးပါး ဖျားနာ နေကြပြီး ရွာအတွင်း ဆေးရုံ၊ ဆေးခန်း မရှိတာ ကြောင့် ဈေးဆိုင်တွေက ဆေးတွေ ဝယ်ယူပြီး ကုသနေကြတယ်လို့ သိရပါတယ်။

လက်ရှိ  ရွာအတွင်းက ကလေး၊ လူကြီး တော်တော်များများ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာစေး၊ ရင်ကြပ် စတဲ့ တုပ်ကွေးလက္ခဏာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အခုတလော အရမ်းဖျားနေတယ်။ ကလေးရော၊ လူကြီးရောပဲ ဖျားတယ်။ ဆေးခန်းတော့ မသွားဘူး။ သိတတ်တဲ့ဆေးတွေ ဈေးက ဝယ်စားပြီး နေနေတယ်။ အိမ်တိုင်းလိုလို ဖျားနေတယ်”လို့သူက ပြောပါတယ်။

ရွာအတွင်း ဆေးပေးခန်းတွေ မရှိတာကြောင့် (၅) မိုင်‌ကျော်လောက်ဝေးတဲ့ လုံရှာယန်ကျေးရွာဘက် သွားပြတာတွေရှိခဲ့ပေမယ့် ဓာတ်ဆီဈေးမြင့် တက်မှုတွေ ကြောင့် ခက်ခဲမှု ရှိနေတယ်လို့ ဆိုပါတယ်။

တန်ဂျာကျေးရွာမှာတော့ ကျန်းမာရေးဝန်ထမ်း မရှိပေမယ့် အနီးအနားက ကျေးရွာဖြစ်တဲ့ လုံရှာယန်ကျေးရွာ မှာလက်ရှိ  ကျန်းမာရေးဝန်ထမ်းတွေ စောင့်ကြပ်ပေးနေတာတွေ ရှိပြီး  ရာသီပေါ်တုပ်ကွေးဟာ အချိန်တန်ရင်သက်သာပျောက်ကင်းနိုင်တယ်လို့ ပူတာအို ဆေးရုံအုပ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တုပ်ကွေးရောဂါဟာ အပြင်းအထန်ဖျားနာခဲ့ရင် ကိုဗစ်ရောဂါနဲ့ ရောထွေးနိုင်တာကြောင့် ဆေးစစ်သင့်ကြောင်း၊ ဒါမှသာ အဖြေကို ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ကြောင်းလည်း ဆေးရုံအုပ်က ဆိုပါတယ်။

စက်တင်ဘာလ ကုန်ကနေစပြီး အခုလိုမျိုး ဖျားနာတာတွေ ဆက်တိုက်ဆိုသလို  ဖြစ်ပွါးလာနေပြီးတော့ ဒေသခံပြည်သူတွေဟာ အိမ်တွင်း ကုသမှု‌တွေ လုပ်နေကြတယ်လို့လည်း သိရပါတယ်။

တန်ဂျာကျေးရွာကနေ ပူတာအိုဆေးရုံကြီးအထိ သွားမယ်ဆိုရင်တော့ မိုင် (၄၀) လောက် ကွာဝေးပါတယ်။

တန်ဂျာကျေးရွာမှာ လူဦးရေ (၅၀၀) ကျော်လောက်ရှိပြီး အိမ်ခြေအများစုဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...