ရပ်စောက်မြို့နယ် ပြည်သူ (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး PNO ရိုက်နှက်

ရပ်စောက်မြို့နယ် ပြည်သူ (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး PNO ရိုက်နှက်
PNO တပ်သား
PNO တပ်သား

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ မြို့ဆိုးကျေးရွာနေ ပြည်သူ ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုစွပ်စွဲပြီး ပအိုဝ်းပြည်သူ့စစ် PNO က သေနတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO နယ်မြေ (၆) အဖွဲ့မှ မြို့ဆိုးကျေးရွာရှိ အမျိုးသား ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟု စွပ်စွဲပြီး သေနတ်ဖြင့် ရိုက်နှက်ကာ ငွေကြေး တောင်းယူခဲ့ကြောင်း မြို့ဆိုးကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့ ညနေ ၆ နာရီလောက်မှာ သူတို့အဖွဲ့တွေက ရွာသား ၃ ဦးကို ဝိုင်းထားပြီး သေနတ်တွေနဲ့ ရိုက်နှက်၊ ထိုးနှက် လုပ်လိုက်တာ။ တစ်ယောက်တော့ ညာဘက်က နားရွက်ပြတ်ပြီး၊ တစ်ယောက်က လက်ကျိုးသွားတယ်။ နောက်ထပ်တစ်ယောက်က ဒဏ်ရာတွေရသွားတယ်။ သူတို့ရိုက်နှက်ပြီး တစ်ယောက်ကို ငွေကျပ် (၁၅) သိန်းတောင်းတယ်။ သူတို့ကို ပေးရမယ်လို့ ခြိမ်းခြောက်သွားသေးတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ရိုက်နှက်ခံရသော ဒေသခံ ၃ ဦးသည် မူးယစ်ဆေးဝါးသုံးစွဲထားသူ မဟုတ်ကြောင်း လက်ရှိမှာ ဆေးကုသမှု ခံယူ နေကြောင်း ၎င်း ကဆက်ပြောသည်။

ထို ရွာသားများကို ရိုက်နှက်နေစဉ်အတွင်းတွင် ရွာသူကြီးက သွားရောက်တောင်းပန်သော်လည်း ရွာသူကြီး နှင့် မသက်ဆိုင်ကြောင်း PNO တပ်ဖွဲ့က ပြောဆိုသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က မူးယစ်ဆေးဝါး သုံးစွဲတဲ့သူကို ဖမ်းချင်ရင် ရွာသူကြီးကို ပြောရမှာလေ။ အခုက သူတို့လုပ်ချင်သလို လုပ်နေတယ်။ သူတို့ ရိုက်နှက်နေတုန်းက ရွာသူကြီး သွားတောင်းပန်လည်း မရဘူး။ ရွာထဲက တရားစာဖွင့်ပြီး တရားနားထောင်နေတဲ့ သူကိုလည်း ဆဲဆိုသွားသေးတယ် “ ဟု ၎င်း ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိမှာ မြို့ဆိုးကျေးရွာရှိ လူငယ် အများစုမှာ ကျေးရွာတွင်း နေထိုင်ခြင်းမရှိတော့ပဲ တခြားဒေသသို့ ရွှေ့ပြောင်းနေထိုင်ပြီး ကျန်ရှိသော ပြည်သူများလည်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ကို စိုးရိမ်ထိတ်လန့်နေကြောင်း သိရှိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...