ပူတာအိုမြို့နယ်၊ ဇီဒမ်းရွာအဝင်က စစ်ရှောင်စခန်းတွင် သက်ကြီးပိုင်းများအတွက် အစားအသောက်နှင့် ဆေးဝါးလိုအပ်

ပူတာအိုမြို့နယ်၊ ဇီဒမ်းရွာအဝင်က စစ်ရှောင်စခန်းတွင် သက်ကြီးပိုင်းများအတွက် အစားအသောက်နှင့် ဆေးဝါးလိုအပ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဂျူပလီကျေးရွာအကျော် ဇီဒမ်းရွာအဝင် စစ်‌ရှောင်စခန်းက သက်ကြီးပိုင်းတွေမှာ အစားသောက်နဲ့ ဆေးဝါး လိုအပ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ဝင်ငွေရှာနိုင်တဲ့သူမရှိတဲ့ အဲဒီစခန်းက သက်ကြီးပိုင်းမိသားစုတွေမှာ အခုနောက်ပိုင်း ကုန်ဈေးမြင့်တက်တာ နဲ့အတူ  အခက်အခဲတွေ ရှိလာတဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတာဖြစ်တယ်လို့ တစ်နိုင်တစ်ပိုင် ပရဟိတလုပ်နေတဲ့ ကို  W Khong Khong ခေါင်းခေါင် က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။  

“ ငွေရှာပေးမယ့်လူမရှိတဲ့ မိသားစုတွေ ဘိုးဘွားတွေကျတော့ တအားခက်ခဲသွားတာ။ သက်ကြီးပိုင်းတွေ အဓိကလိုတာကျတော့ စားစရာရယ်၊ အားဆေးတို့ရယ် အနွေးထည်ရယ် အဲဒါလိုတာ “

လက်ရှိပူတာအိုမှာ ချင်းချယ်အမျိုးအစား အညံ့ဆုံး ဆန်တစ်အိတ်ကို လေးသောင်းခွဲထိပေးဝယ်နေရတယ်လို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးအပြင် ဆောင်းတွင်းကူးလာပြီဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်လိုအပ်မှုတွေရှိတယ်လို့လည်း ဆက်လက်ပြောပါတယ်။

"ဇီဒမ်းနေရာကျတော့ အပင်တွေမရှိဘူး ။ ဧကအများကြီးဆိုတော့ လေတအားတိုက်တာ ။ နှင်းလည်းထူတယ် ။ မြို့ပေါ်ထက်တော့ အဲမှာပိုအေးတယ်။ သူတို့က သက်ကြီးပိုင်းဆိုတော့ အအေးဒဏ်ကို သိပ်မခံနိုင်ကြဘူး။ အဲဒါကြောင့် အနွေးထည်ကတော့ လိုတယ်လို့ပြောရခြင်းဖြစ်တယ်။ "

အဲဒီစခန်းဟာ အရင်အစိုးရလက်ထက်က နေရာချထားပေးတာဖြစ်ပြီး သူတို့ဟာ ခရန်ခူး ၊ ခရန်ထီဒမ်း၊ နောယာယန်၊ အင်ခါကား၊ ဒိန်ဆာ၊ ဖားကန့်ယန် စတဲ့ ဝေးလံတဲ့ တောင်ပေါ်ဒေသတွေက ကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ ပူတာအို လေဆိပ်ကနေ ရှစ်မိုင်ခန့်အကွာမှာရှိပြီး ကူညီလှူဒါန်းချင်သူတွေရှိရင် ကို  W Khong Khong ၊ ဖုန်း  09428048253 ၊ 09250138595  ကို ဆက်သွယ်လာနိုင်တယ်လို့ ဆိုပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...