ရှမ်းမြောက်တွင် စစ်ကောင်စီ၏ တပ်စခန်းနှင့် ရဲစခန်းကို KIA သွားရောက်တိုက်ခိုက်ပြီးနောက် ဖုန်းလိုင်းများ ဖြတ်တောက်ထား

ရှမ်းမြောက်တွင် စစ်ကောင်စီ၏ တပ်စခန်းနှင့် ရဲစခန်းကို KIA သွားရောက်တိုက်ခိုက်ပြီးနောက် ဖုန်းလိုင်းများ ဖြတ်တောက်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်တုန်ကျေးရွာက စစ်ကောင်စီတပ်နဲ့ ရဲစခန်းကို KIA ကနေ ဒီကနေ့စက်တင်ဘာလ (၂၉) ရက် နေ့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

KIA တပ်ရင်း (၈)၊ တပ်ရင်း (၃၄) နဲ့ PDF တို့ပူးပေါင်းပြီး မန်တုန်ကျေးရွာက ခလရ (၁၃၀) တပ်ရင်းကို ဒီကနေ့မနက် (၇) နာရီခွဲက တစ်ကြိမ်၊ (၁၀) နာရီမှာတစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် (၁) နာရီခွဲအချိန်မှာတော့မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၂) နာရီခန့်မှာတော့ မီးရှို့ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ သတင်း အရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

KIA ဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကိုတော့ အဲဒီ ဒေသဘက်က KIA နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောဆို‌ခဲ့‌ပေမယ့် ထိခိုက်သေဆုံး မှုနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်တပ်ကြား အထိအခိုက် ရှိနိုင်တယ်လို့သာ ဖြေကြားခဲ့ပါတယ်။

" မှန်တယ်မှန်တယ်။ (၃၄) နဲ့ တပ်ရင်း (၈) တွေပေါင်းပြီး ရဲစခန်းဟုတ်တယ် မီးသွားရှို့ပေးလိုက်တာ" လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့မနက်မှာပဲ ဆင်လီကောင်ရာဒေသဘက်ကို စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်တွေ KIA ဘက်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်သူများတာကြောင့် စစ်အင်အား (၃၀) ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ ထိခိုက်သူတွေကို နမ္မတူမြို့ဘက် ပြန်လည်ပို့ဆောင်ခဲ့တယ်လို့လည်း အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

" မိုင်းနင်းမိပြီး ထိခိုက်သူတွေကို ကြည့်နေတဲ့ချိန် KIA ဘက်ကနေ RPG နဲ့ (၂) ချက်ပြန်ပစ်တော့ အား လုံးနီပါးထိခိုက်လောက်တယ်" လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ မန်တုန်ကျေးရွာဘက်မှာ ဖုန်းလိုင်း တွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေနဲ့ပတ်သက်လို့ သိရှိရတာမျိုး မရှိသေးဘူးလို့လည်း သတင်းအရင်း အမြစ်က ပြောဆိုထားပါတယ်။

မနေ့က စက်တင်ဘာလ (၂၈) ရက်‌နေ့မှာလည်း စစ်ကောင်စီရဲ့ နမ္မတူဗျူဟာကုန်းကို KIA ဘက်ကနေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ဘက်မှာ စစ်ကောင်စီကနေ စက်တင်ဘာလ (၂၆) ရက်နေ့ကစပြီး KIA တပ်ရင်း (၈) ဒေသဘက်ကိုစစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာပြီး စက်တင်ဘာလ (၂၇) ရက်နေ့ကနေ ဆင်လီကောင်ရာ ဒေသမှာ နှစ်ဖက်တပ်ကြား ထိတွေ့မှုတွေ ရှိခဲ့တာကြောင့် ဆင်လီ ကောင်ရာက အိမ်ခြေ (၄၀) ဝန်းကျင်ဟာ နမ္မတူမြို့ ဘက်ကို တိမ်းရှောင် နေကြရပါတယ်

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...