ယခုလ ၄ ရက်နေ့ နံနက်ပိုင်း ၂ နာရီခန့်တွင် ကလေးခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမောင်ထူးနှင့် ကလေးမြို့ စည်ပင်သာယာရေး အဖွဲ့တို့မှ မြေထိုးစက်များ အသုံးပြုပြီး အဆိုပါခရစ်ယာန်သချင်္ူိင်းရှိ အုတ်ဂူများ၊ ခြံစည်းရိုးများ၊ နှစ်ရှည်တရုတ် စကား ပင်ပေါင်း (၄၀၀)ကျော် နှင့် ဇရပ်တစ်ဆောင်ကို ဖျက်ဆီးခဲ့သည့်အပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
တောင်ဖီလာရွာ တည်ထောင်ကတည်းက ရွာတည်သူများသည် ဓါးမဦချ သင်္ချိုုင်းမြေကိုလည်း အသုံးပြုလာကြပြီး ၁၉၇၀ ခုနှစ်တွင် တရားဝင် ပုံစံ ၁၀၅ (က) ဘာသာရေး ပိုင်မြေအဖြစ် အစိုးရမှ သတ်မှတ်ပေးခဲ့ပြီး ထိုသင်္ချိုင်းမြေကို နှစ် ၁၀၀ ပြည့်သည်အထိ ဘာသာရေးပိုင် အဖြစ် မြေပိုင်ရှင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ (Baptist, AG, Four Square and RC) က ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြသည်ဟုသိရသည်။
ဘာသာရေးပိုင်မြေဖြစ်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်၊ စာအမှတ်၊ ၁/၁-၁၂ (၀၈၅)/ ဦး ၆ ရှိ ၂ (က)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နေပြည်တော်သို့ ပေးပို့စာတွင် အတိအလင်းဖော်ပြပါရှိသည်ဟု သိရသည်။
ထို့အပြင် အစိုးရမြေသိမ်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းတည်ဆဲဥပဒေအရလည်း သင်္ချိုင်းမြေနှင့် အုတ်ဂူများကို ဖျက်သိမ်း သိမ်းယူခွင့် မရှိပြုကြောင်း ပြည်ထောင်စုလွှတ်တော်၏ အစီရင်ခံစာ အပိုင်း (၁)ရှိ စာမျက်နှာ (၇) မြေသိမ်းဥပဒေ ပုဒ်မ ၁၂ (ဃ) နှင့် စာမျက်နှာ (၁၀) ပုဒ်မ ၁၂ (ဎ) (၆) မှာ အတိအလင်းဖော်ပြထားသည်ဟု CLD ၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ကလေးခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးမောင်ထူး၏ အမိန့်ဖြင့် ယခုကဲ့သို့ ဘာသာရေးပိုင်သင်္ချိူင်းမြေအား အတင်း အဓမ္မကျူးကျော် ဖျက်သိမ်းခြင်းသည် ဘာသာရေးခွဲခြားမှုများဖြစ်ပေါ်လာစေနိုင်ပြီး၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုများကို ထိခိုက်စေနိုင်သည် သာမက ယခုလုပ်ရပ်သည် ဘာသာရေးနှင့် လူမျိူးရေးခွဲခြားဆက်ဆံခြင်း၊ ပြည်သူလူထု ကို မထီမဲ့မြင်ပြုခြင်း၊ တရား ဥပဒေ စိုးမိုးမှုကို အစိုးရအုပ်ချူပ်သူများမှ ချိူးဖောက်ရာရောက်သဖြင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် အနေဖြင့် လုံးဝကန့်ကွက်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
တောင်ဖီလာခရစ်ယာန်သင်္ချိူင်းမြေ ဖျက်သိမ်းသည့်လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဒေသခံပြည်သူများက ဇွန်လ ၂၉ ရက်ေ န့တွင် ငြိမ်းချ မ်းစွာ ဆန္ဒဖော်ထုတ်ကြမည်ဟုသိရပြီး ယင်း ဆန္ဒပြမည့်အစီစဉ်ကိုလည်း ချင်းဒီမိုကရေစီအဖွဲ့ ချူပ်က ထောက်ခံသည်ဟု သိရသည်။
တောင်ဖီလာရွာ (ယခုတောင်ဖီလာရပ်ကွက်) သည် ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တောကြီးမျက်မည်းကို ခုတ်ထွင်ပြီး ချင်းအမျိုးသားများဖြစ်ကြသော ဦးလှိုင်မှုန်းနှင့် ယုံကြည်သူ ခရစ်ယာန်မိသားစု ၈ စုက ရွာတည်ထောင်ပြီး တရားဝင် ခွင့်ပြုချက်ဖြင့် ယနေ့တိုင် နေထိုင်လာခဲ့ကြသည်။







