“AA မှ ထွက်ပြေးသူများကို ရှာဖွေဖမ်းဆီးပေးရန် လိုင်းပေါ်ကနေသတင်းဖြန့်” ဆိုတဲ့သတင်းအမှား

“AA မှ ထွက်ပြေးသူများကို ရှာဖွေဖမ်းဆီးပေးရန် လိုင်းပေါ်ကနေသတင်းဖြန့်” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Shwe Eain Thu ဆိုတဲ့အကောင့် ကနေပြီး “ပြီးခဲ့တဲ့ရက်တုန်းကလည်း ၃၈ ယောက်ဆိုပြီး သတင်းအမှားတွေနဲ့ လော်ကြတာ အလိမ်ပေါ်သွားတော့ အခု ၃ ယောက်ဆိုပြီး A ပိန်းတွေ ထပ်လုပ်ပြန်တယ်။

ဘာကြောင့်ဒီလိုသတင်းအမှားတွေဖြန့်နေလဲဆိုတာ ပြီးခဲ့တဲ့ ၂ ရက်က စုံစမ်းကြည့်လိုက်တော့ စကစတပ်သားတွေပြေးတာမဟုတ်ဘဲ AA ဓာတ်ခဲလေးတွေ မြေပြင်မှာ စားစရာမရှိ ငတ်ပြတ်နေတဲ့အပြင် တိုက်ပွဲတွေမှာ အကြီးစာမိပြီး ဆားပေါက် ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ကအစ ခက်ခဲနေတာကိုမြင်နေရတော့ စိတ်ဓာတ်ကျပြီး ထွက်ပြေးနေကြတယ်လို သိရတယ်။”

“ဒါကို ကျန်တဲ့ ULA/AA နယ်မြေမှူးနဲ့အဖွဲတွေ ရှာဖွေဖမ်းဆီးပေးဖို A ပိန်းများက လိုင်းပေါ်ကနေ တစ်ဖက်လှည့်သတင်းဖြင့် သတင်းချပေးနေခြင်းသာဖြစ်တယ်လို AA ရဲ့ နယ်မြေစည်းရုံးရေးမှူး တစ်ဦးထံကနေ သိထားပါတယ်..။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်နေ့တွင် ကျောက်တော်မြို့ရှိ စစ်ကောင်စီ တပ်ရင်းများမှ စစ်ကောင်စီတပ်သား ၃၈ ဦးခန့်ဟာ လက်နက်အပြည့်အစုံနဲ့၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ စစ်ကောင်စီ တပ်သား နှစ်ဦး စုစုပေါင်း ၄၀ ဦးဟာ AA ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ကြားရတာကတော့ လက်နက်အပြည့်အစုံနဲ့ AA ထံ အလင်းဝင်သွား တယ်လို့သိရတယ်။ စက်တင်ဘာလ ၂၂ရက်နေ့ ညနေဘက်ကပေါ့။ လက်နက် အပြည့်အစုံနဲ့ ဝင်သွားတယ်လို့ သိရတယ်။ ဘယ်တပ်ရင်းကလည်း ဆိုတာကိုတော့ ကျွန်တော်တို့လည်းသေချာမသိဘူး” လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် ကျောက်ဖြူမြို့နယ် ၊ ကျောက်ပေါက်ကျေးရွာဈေးသို့ ဈေးဝယ်လာတဲ့  စစ်ကောင်စီတပ်သားများ ဈေးဝယ်လာရာ နှစ်ဦးမှာ AA ထံကို အလင်းဝင် ရောက်သွားကြောင်း ကျောက်ပေါက်ကျေးရွာ ဒေသခံများထံက သိရပါတယ်။

“ သူတို့က ကျွန်တော်တို့ရွာဈေးကို ဈေးဝယ်လာရင်း နှစ်ဦးက ထွက်ပြေးပြီး AA ဆီ အလင်းဝင်သွားတယ်လိုသိရတယ်။ ဘယ်တပ်ရင်းကလည်း ဆိုတာတော့ မသိဘူး” လို့ကျောက်ပေါက်ကျေးရွာသား တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က AA ပြုလုပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝတို့မှာ စစ်ကောင်စီ တပ်သား ရာနှင့်ချီပြီး AA ထံကို အလင်းဝင်ရောက်လာမှုများရှိကြောင်း ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

Link>>> https://www.facebook.com/MizzimaDaily/posts/pfbid02zLgrSbvf6wnq87dFzpD8Q...

တကယ်တော့ ရက္ခိုင့်တပ်တော် AA ကနေ ထွက်ပြေးတဲ့ တပ်သားတွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်သားတွေဟာ တပ်ထဲကနေထွက်ပြေးတိမ်းရှောင်ပြီး AA တပ်ဖွဲ့ထံကို အလင်းဝင်နေကြ တာဖြစ်ပါတယ်။

ဒါကြောင့် သတင်းအမှားမှာပြောထားသလို့ “စကစတပ်သားတွေပြေးတာမဟုတ်ဘဲ AA ဓာတ်ခဲလေးတွေ မြေပြင်မှာ စားစရာမရှိ ငတ်ပြတ်နေတဲ့အပြင် တိုက်ပွဲတွေမှာ အကြီးစာမိပြီး ဆားပေါက် ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖိုကအစ ခက်ခဲနေတာကိုမြင်နေရတော့ စိတ်ဓာတ်ကျပြီး ထွက်ပြေးနေကြတယ်” ဆိုတာသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...