မြန်မာဘက်မှ ပစ်ခတ်ခြင်း- သေနတ်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများကြောက်ရွံ့ထိတ်လန့်နေကြရ

မြန်မာဘက်မှ ပစ်ခတ်ခြင်း- သေနတ်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများကြောက်ရွံ့ထိတ်လန့်နေကြရ

မြန်မာစစ်တပ်က ကျည်ဆံများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပစ်ခတ်ခဲ့ရာ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံးတိုက်နယ် လက်အောက်ရှိ တောင်ပြိုနယ်စပ်တွင် နေထိုင်ကြသူများ အထိတ်တလန့် ဖြစ်စေခဲ့သည်ဟု ယနေ့စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် Dhaka. Tribune က သတင်းရေးသား ဖော်ပြသည်။  

သောကြာညတွင် ပြင်းထန်သော ပစ်ခတ်သံများ စတင်ခဲ့ပြီး နယ်စပ်အနီးရှိ နေအိမ်များတွင်လည်း အက်ကြောင်းများ ထွက်ပေါ်လာသည်ဟု ဒေသခံပြည်သူများက စွပ်စွဲပြောဆိုကြောင်း သတင်းကဆိုသည်။

ခေါင်းတုံးဒေသ ဥက္ကဌ Jahangir Aziz က ၎င်းပစ်ခတ်မှုကို ကို Dhaka Tribune ကို အတည်ပြုခဲ့ကြောင်း၊ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲတွင် ယခုတကြိမ် ထိခိုက်သေဆုံးမှု မရှိဟု ပြောဆိုကြောင်း ရေးသားဖော်ပြသည်။

စက်တင်ဘာ ၁၆ ရက်က တောင်ပြိုရှိ  ဇီရိုပွိုင့် ဒုက္ခသည် စခန်းတွင် မြန်မာစစ်တပ်မှ ပစ်ခတ်သော မော်တာကျည်ဆန် ကျရောက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် Mohammad Iqbal အမည်ရှိ မြန်မာနိုင်ငံက ဒုက္ခသည် ကလေးငယ်တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

တောင်ပြိုဇီရိုပွိုင့်မှ ဒုက္ခသည် ခေါင်းဆောင်တစ်ဦးဖြစ်သူက  စနေနေ့ညနေပိုင်း၌ပင် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း Dhaka Tribune သို့ ပြောကြားခဲ့သည်။ “ပစ်ခတ်မှုတွေအပြင် ပေါက်ကွဲသံတွေ ကြိုကြားကြိုကြားကြားနေရတယ်” ဟုဆိုသည်။

ဒေသခံကုန်သည် Amir Hamza က “နောက်ဆုံးအကြိမ် ပစ်ခတ်မှုဟာ အချိန်ကြာလာတာနဲ့အမျှ အမြဲတမ်း ပုံသဏ္ဍာန်နဲ့ အသွင်သဏ္ဌာန် တူနေပါတယ်။ နယ်စပ်ခြံစည်းရိုးမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့အားလုံး ပစ်ခတ်သံတွေ ရပ်တန့်သွားမယ့် အရိပ်အယောင်တွေ မပြနိုင်တာကြောင့် အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်” ဟုပြောဆိုသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ စုစုပေါင်း ပေါက်ကွဲမှု လေးကြိမ်ကို  နံနက် ၈ နာရီတကြိမ်၊ ညနေ ၅ နာရီ ၁၀ မိနစ်တစ်ကြိမ်၊  ညနေ ၅ နာရီ ၂၈ နာရီ တစ်ကြိမ်နှင့် ညနေ ၆ နာရီအထိ ကြားခဲ့ရသည်ဟု တောင်ပြိုဒေသ၏ ဒေသန္တရ သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ Dil Mohammad Alam က ပြောသည်။

မြန်မာ ဂျက်တိုက်လေယာဉ်များသည် နယ်စပ်မှတ်တိုင်အမှတ် ၃၄ နှင့် ၃၅ ကြား၌ သောကြာနေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကျည်ဆန် ၁၀၊ ၁၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

စက်တင်ဘာ ၁၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို စတုတ္ထအကြိမ် ဆင့်ခေါ်ခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြခဲ့သည်။

မြန်မာသံအမတ်ကြီးသည် နိုင်ငံခြားရေးဌာနမှ ထွက်ခွာစဉ် သတင်းထောက်များကို မေးမြန်းမှုကို ရှောင်ရှားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံနှင့် ပြဿနာများကို ငြိမ်းချမ်းစွာ သံတမန်နည်းအရ ဖြေရှင်းရန် ကြိုးစားနေသော်လည်း လိုအပ်ပါက နယ်စပ်တွင် မော်တာ ပစ်ခတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂထံ တိုင်ကြားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲကို မြန်မာစစ်တပ်က မော်တာကျည် ၁၂ လုံး ပစ်ခတ်ပြီးပါပြီဟု နောက်ဆုံးနိဂုံးစာပိုဒ်တွင် ရေးသားဖော်ပြထားသည်။ (Photo by Dhaka Tribune)

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...