ပုလောနဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုလောနဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ စစ်ကောင်စီယာဉ်တန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းဆွဲတာနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ပုလောမြို့နယ် ကဒဲရွာအနီးမှာ မြိတ်ကနေ ပုလောဘက်ကို မောင်းနှင်လာတဲ့ ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို မြိတ်ခရိုင် PDF တပ်ရင်း (၁) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး မိနစ်အငယ်နည်းကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပုလော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အသေးစိတ် အချက်အလက်ကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းကလည်း ပြည်ကြီးမဏ္ဍိုင်မြို့ဘက်ကနေ ဘုတ်ပြင်းမြို့ဘက်ကို တက်လာတဲ့ ဘုတ်ပြင်းမြို့အခြေစိုက် စကခ (၁၃) တပ်ရင်းမှ စစ်ကား ၄ စီးနဲ့ အိမ်စီးကားတစ်စီး အင်းအား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ဝါးဒင်းကျေးရွာနဲ့ ဝါးချောင်းကျေးရွာအကြားမှာ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီကြားဖြတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို စုံးစမ်းနေဆဲဖြစ်တယ်လို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲခံရတာနဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာကြောင့် စစ်ကောင်စီဘက်က သူတို့ လက်အောက်ခံ ဗျူစောထီးအဖွဲ့ဝင်တွေနဲ့အတူ မြို့နယ်အနှံ့မှာ လုံခြုံ‌ရေးမြှင့်တင်ထားပြီး ရှာဖွေစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...