ရန်ကုန်လူထုထံ အညတရအမည်ဖြင့် တော်လှန်ရေးစာစဉ်များအခမဲ့ဖြန့်ဝေ

ရန်ကုန်လူထုထံ အညတရအမည်ဖြင့် တော်လှန်ရေးစာစဉ်များအခမဲ့ဖြန့်ဝေ

ရန်ကုန်မြို့ရှိ နေရာအနှံ့တွင် ကျောင်းသားသမဂ္ဂ သုံးခုပူးပေါင်း၍ “အညတရ” အမည်ရှိ တော်လှန်ရေးစာစဉ်တစ်ခုကို ယမန်နေ့ စက်တင်ဘာ ၂၀ ရက်တွင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။

တော်လှန်ရေးအတွေးအခေါ် ရေချိန်မြင့်တက်စေရန်ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ပြီး ပြည်သူလူထုသည် တော်လှန်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း အဆိုပါစာစဉ်တွင် ရေးသားထားသည်။

ထို့အပြင် အာဏာရှင်စနစ်တစ်ရပ်လုံး အမြစ်ဖြတ်ရန် နွေဦးတော်လှန်ရေးသည် အချိန်အခါကောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

အညတရတော်လှန်ရေးစာစဉ်တွင် ကဗျာ၊ ဆောင်းပါး၊ အက်ဆေးကဏ္ဍ၊ ကာတွန်း၊ ရင်တွင်းအသံများနှင့် သတင်းများကို ထည့်သွင်းရေးသားထားသည်။

ယင်းတော်လှန်ရေးစာစဉ်အား လူငယ်များသမဂ္ဂ (ဗဟို) က ဦးဆောင်၍ လူငယ်များသမဂ္ဂ (ပုသိမ်)၊ လှိုင်သာယာမြို့နယ် အခြေခံကျောင်းများသမဂ္ဂ၊ ထားဝယ်မြို့နယ် ကိုယ်ပိုင်ကျောင်းသားများသမဂ္ဂ တို့မှ ပူးပေါင်းထုတ်ဝေကာ ရန်ကုန်လူထုထံ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

အညတရတော်လှန်ရေးစာစဉ် ဖြန့်ဝေရာတွင် အထပ်မြင့်လူခေါ်ခေါင်းလောင်းကြိုးများ၊ ကားအရှေ့ လေကာမှန်များ၊ လက်ဘက်ရည်ဆိုင်များ၊ အတက်အဆင်းလှေကားများ၌ ထားရှိ၍ တိတ်တဆိတ်ဖြန့်ဝေခဲ့ကြသကဲ့သို့ မြို့ခံလူထုလက်ထဲရောက်သို့လည်း ပေးအပ်ဖြန့်ဝေခဲ့ကြသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...