အခြေခံစစ်သင်တန်း အပါတ်စဉ် (၄၈) တွင် CDF – Zanniaram တပ်ဖွဲ့ တက်ရောက် ပြီးစီး

အခြေခံစစ်သင်တန်း အပါတ်စဉ် (၄၈) တွင် CDF – Zanniaram တပ်ဖွဲ့ တက်ရောက် ပြီးစီး

ချင်းအမျိုးသားတပ်ဦး / တပ်မတော် CNF/CNA မှ ကြီးမှူးသည့် အခြေခံစစ်သင်တန်း အပါတ်စဉ် (၄၈) တွင် ချင်းအမျိုးသားတပ်ဖွဲ့ (ဇာနီယက်ရမ်း) CDF – Zanniaram တပ်ဖွဲ့အနေဖြင့် ပထမဦးဆုံးအကြိမ် သင်တန်းတက်ရောက်ခဲ့ ကြောင်းသိရသည်။

“ကျန်တဲ့ ချင်းလူမျိုးနွယ်စုတွေနဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်များလည်း စစ်သင်တန်းတက် ရောက်ပြီးစီးခဲ့ပါတယ် ရရှိလာတဲ့ စစ်ပညာနဲ့ အခြားဗဟုသုတများကို ကျနော်တို့ မျိုးနွယ်စုများနဲ့ ဒေသများကို ကာကွယ်ဘို့ အသုံးချသွားမှာဖြစ်ပါတယ်” ဟု CDF – Zanniaram တပ်ဖွဲ့အထွေထွေအတွင်းရေးမှူး J . Zani က မဇ္စျိမ ကိုပြောသည်။

ရက်ပေါင်း ၁၀၀ ကျော်ပြုလုပ်ခဲ့သည့် အဆိုပါစစ်သင်တန်းတွင် သဘောတရားရေးများ နှင့် လက်တွေ့များပါ ပေါင်းစပ်သင်ကြားခဲ့ကြောင်းနှင့် စစ်ဥပဒေများ ၊ နိုင်ငံရေး သဘောတရားများနှင့် အခြားသင်တန်းသားအများအတွက် အသုံးဝင်မည့် ဗဟုသုတများ ထည့်သွင်းသင်ကြားခဲ့ကြောင်းသိရသည်။

ယခုအပတ်စဉ် (၄၈) တွင် CDF – Zanniaram မှ တပ်ဖွဲ့ဝင် ၃၀ဦး တက်ရောက်ခဲ့ ပြီး ရှေ့ဆက်လက်ပြီး ချင်းအမျိုးသားတပ်မတော် CNA ၏ ဦးဆောင်မှုဖြင့် လှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုသည်။

ချင်းမျိုးနွယ်စုတစ်ခုဖြစ်သော Zannia မျိုးနွယ်များသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အရှေ့ဘက်ခြမ်း မဏိပူရမြစ် အရှေ့ဘက်ခြမ်းတွင်သာမက စစ်ကိုင်းတိုင်း ကလေးမြို့နယ် ချောင်းခွ ၊ စည်သာ ၊ လေးအိမ်စု ၊ သာယာကုန်း ၊ စံသာ ၊ မြောင်းဆုံ ၊ အင်ကြင်းခုံ ရွာများ နှင့် တောင်ဖီလာရပ်ကွက်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...