ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ခေါင်းတုံရွာက ဒေသခံ ၂ ဦး ၊ ညောင်လယ်ကျေးရွာက ဒေသခံ ၄ ဦး၊ စုစုပေါင်း ၆ ဦးကို ထီးလင်းမြို့နယ် အညာတောကျေးရွာသို့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးပြီး လူသားဒိုင်းကာပြုလုပ်လာတဲ့ ပြည်သူ (၆) ဦးမှာ ညောင်လယ်ရွာသားတွေဖြစ်တဲ့ ကိုမောင်မြင့်၊ ကိုမောင်မောင်လှိုင်နဲ့ ကိုဖိုးသားတို့ (၃) ဦးကိုသာ အတည်ပြုနိုင်သေးပြီး ကျန်တဲ့သူတွေကိုတော့ လက်ရှိအချိန်ထိအတည်ပြုလို့မရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကို ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၆) ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြေနီကျေးရွာသား (၄) ဦး ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်လက်နက်ပစ္စည်းတွေ သယ်ယူခိုင်းပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။

ချင်း- မကွေးနယ်စပ်တစ်လျှောက်မှာရှိတဲ့ ထီးလင်း၊ဂန့်ဂေါနဲ့ယောဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...