ငပုတောမြို့နယ်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် ၄နှစ်အရွယ်ကလေး၏ ရုပ်အလောင်း စစ်ကောင်စီတပ် တပ်စွဲသည့်နေရာအနီး ပြန်တွေ့

ငပုတောမြို့နယ်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် ၄နှစ်အရွယ်ကလေး၏ ရုပ်အလောင်း စစ်ကောင်စီတပ် တပ်စွဲသည့်နေရာအနီး ပြန်တွေ့

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့က အဓမ္မပြုကျင့်သတ်ဖြတ်ခံထားရသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာအနီးတွင် ပြန်တွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငပုတောမြို့ပေါ်ရပ်ကွက်တစ်ခုနေ အသက် လေးနှစ်အရွယ် မစုအေး(အမည်လွှဲ)ဆိုသူသည် နံနက် ၁၁ နာရီအချိန်ခန့်က ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ငပုတောမြို့နယ်ဆေးရုံရှိ ရင်ခွဲရုံတွင် ကလေးငယ်၏ရုပ်အလောင်းကို စစ်ဆေးရာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ၏ပြောပြချက်အရ သိရသည်။

"ကလေးပျောက်သွားလို့ တစ်နေ့လုံး လိုက်ရှာတာ စစ်တပ် တပ်စွဲထားတဲ့ ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက် တောရကျောင်းအနားမှာ အဲ့ဒီ လေးနှစ်ခန့် ကလေးမရဲ့အလောင်းကို ပြန်တွေ့တာပါ၊ တရားခံ ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိရသေးဘူး"ဟု ဒေသခံက ဆိုသည်။

ကလေးငယ် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်နှင့်ပတ်သတ်၍ မည်သည့် ပုဒ်မများနှင့် အမှုဖွင့်ထားသည်ကို မသိရသေးကြောင်း ဧရာဝတီတိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ငပုတောမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်ခိုးမှုများ၊ လူနေအိမ်ဖောက်ထွင်းခံရမှုများ၊ ပစ္စည်းလုယုခံရမှုများနှင့် အဓမ္မပြုကျင့်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...