ဝေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌကို စစ်ကောင်စီတပ်က စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်

ဝေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌကို စစ်ကောင်စီတပ်က စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရပ်ကျေးဥက္ကဋ္ဌကို စစ်ကောင်စီက စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသူနှင့်နီးစပ်သူ များထံက သိရသည်။

စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးခဲ့သူမှာ ဦးညွန့်ဝင်း အသက် (၄၈) နှစ် ဖြစ်ပြီး ဝေါမြို့နယ် ကမ်းနီကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ ဖြစ်ကြောင်းသိရသည်။

ဦးညွန့်ဝင်းသည် ပြီးခဲ့သည့် စက်တင်ဘာ၁၅ရက်နေ့က ၎င်းပိုင်ဆိုင်သည့် လယ်ထဲတွင် အလုပ်လုပ်နေစဉ် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရစဉ်တွင်ပင် ဦးခေါင်း၌ သွေးများစီးကျနေပြီး ကားပေါ်သို့ ခေါ်ဆောင်သွား ကြောင်း မျက်မြင်တွေ့ရှိသူများထံက သိရသည်။

“မနေ့က သူ(ဦးညွန့်ဝင်း)ဆုံးတယ်ဆိုပြီး စစ်ကောင်စီက သူ့အိမ်ကို အကြာင်းကြားလာတယ်။ ဆေးရုံကို လိုက်တော့ COVID ကြောင့် သေတယ်ဆိုပြီး အလောင်းကို ကြည့်ခွင့်မရဘူး။ ရင်ခွဲရုံကိုပို့လိုက်တယ်ပြောတယ်။ နောက်သင်္ဂြိုဟ်လိုက်တယ် လို့ပြောတယ်” ဟု ဦးညွန့်ဝင်းနှင့် နီးစပ်သူကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ ဦးညွန့်ဝင်းသည် တပ်မ(၇၇) စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ ယမန်နေ့ စက်တင်ဘာ ၁၆ရက်နေ့ နံနက်၁၀နာရီတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“သူ(ဦးညွန့်ဝင်း)ရှောင်နေတာ ကြာပြီ။ ပြန်ရောက်နေတာ လေးငါးရက်လောက်ပဲ ရှိသေးတယ်။ ကမ်းနီရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ငဆန်းဝင်း၊ ရာအိမ်မှူး မြင့်အောင်နဲ့ စစ်ကောင်စီကခန့်ထားတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေ သတင်းပို့လို့ လာဖမ်းသွား တာ”ဟု သေဆုံးသူနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူများကို ဥပဒေမဲ့မတရားဖမ်းဆီးမှုများ နေ့စဉ်ဆိုသလို ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကို စစ်ကြောရေးတွင် လူသားချင်းစာနာမှုမရှိဘဲ ညှဉ်းပန်းနှိပ်စက်နေခြင်းကြောင့် စစ်ကြောရေးတွင် သေဆုံးသူ ၁၀ ဦးထပ်မနည်း ရှိနေသည်။ ထိုသို့ စစ်ကြောရေးတွင် သေဆုံးခဲ့သူများကို ရောဂါတစ်မျိုးမျိုးဖြင့် သေဆုံးခြင်းဖြစ်ကြောင်း အကြောင်းပြလျက်ရှိသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့အထိ မတရားဖမ်းဆီးခံထားရသူ ၁၂၄၁၂ ဦးရှိပြီး ၂၂၈၁ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...