ပြင်ဦးလွင် စည်ကားကျေးရွာတွင် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

ပြင်ဦးလွင် စည်ကားကျေးရွာတွင် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ အနီးစခန်းအနီး စည်ကားကျေးရွာရှိ ကြက်ခြံ တစ်ခုတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း ဒေသခံလူမှု ကူညီရေး အသင်းများ ထံကသိရသည်။

အသက်မပြည့်သေးသည့် ၁၃ နှစ်အရွယ် ကလေး နှစ်ဦးအပါဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဦးခေါင်းနှင့် လည်ပင်းအပါအဝင် ခန္ဓာကိုယ်အထက်ပိုင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိရပြီး လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

“ ငွေကြေးကြောင့်လို့တော့ကြားတယ်။ အတိအကျတော့ မပြောတတ်ဘူး။ တချို့ရုပ်အလောင်းက ဦးခေါင်းကိုရိုက်ခံထားပြီးမှာ လည်ပင်းပြတ်ရှ ဒဏ်ရာတွေလည်းပါကြတယ်” ဟု ဒေသံခံတစ်ဦးကပြောသည်။

မည်သည့်အတွက်ကြောင့် မိသားစုဝင်ငါးဦး အသတ်ခံရသည်ကို မသိရှိရသေးဘဲ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမသတင်းဌာနမှ ဆက်လက်စုံစမ်းလျက်ရှိသည်။

“အခုက ရွာထဲမှာ အစစ်အဆေးတွေနဲ့ရှုပ်ရှက်ခတ်နေတယ်။ ကြက်ခြံဘေးမှာ အလောင်း တွေ တွေ့တာပါ။ အသတ်ခံရတာတော့ မနေ့ညကတည်းကပါ။ ဒီမနက်မှသိကြတာ" ဟု စည်ကား ကျေးရွာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

သေဆုံးနေသည့် ရုပ်အလောင်းများအား ပြင်ဦးလွင်နာရေးကူညီမှုအသင်း၊ စည်ကား ကျေးရွာအသင်း၊ တုသိတာလူမှု ကူညီရေးအသင်းတို့ ပူးပေါင်း၍  ပြင်ဦးလွင် ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လူသတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ အနီးစခန်း ရဲကင်းစခန်းတွင် အမှုဖွင့်ထားကြောင်း သိရ သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ပိုင်းက ပြင်ဦးလွင်မြို့ပေါ်တွင် လူငယ်အချင်းချင်း ရန်ဖြစ်မှုကြောင့် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည်။

စာတည်း။    ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...