နိုင်ငံရေး အမှုများ အခမဲ့ လိုက်ပေးလေ့ရှိသည့် အမျိုးသမီး ရှေ့နေတစ်ဦး ထောင် ၂ နှစ် ချခံရ

နိုင်ငံရေး အမှုများ အခမဲ့ လိုက်ပေးလေ့ရှိသည့် အမျိုးသမီး ရှေ့နေတစ်ဦး ထောင် ၂ နှစ် ချခံရ

နိုင်ငံရေး အမှုများကို လိုက်ပါဆောင်ရွက်ပေး သည့် အမျိုးသမီး တရားလွှတ်တော်ရှေ့နေတစ်ဦးကို ဟင်္သာတထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ် ချလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။

ဒေါ်ဧရာလင်းထွန်း အသက် ၃၉ နှစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတော်ကို ဆူပူအောင် လှုံဆော်တယ် ဆိုပြီး အပေါ်က ပို့လိုက်တဲ့စာကို ဖတ်ပြီး အမိန့်ချလိုက်တာပဲ ချုပ်ရက် လျော့ပေါ့ ခံစားခွင့်တော့ရမှာ” ဟု ရှေ့နေတစ်ဦး က ပြောသည်။

နိုင်ငံရေးသမားများ ဘက် က အမှုလိုက်ပါ ဆောင်ရွက်ပေးသည့် ဟင်္သာတမြို့က ဒေါ်ဧရာလင်းထွန်း ကို စစ် ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်နှစ်ခွဲခန့် အကြာတွင် ထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ - က ဖြင့် စွဲချက် တင် အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

တရားလွှတ်တော် ရှေ့နေ ဒေါ်ဧရာလင်းထွန်းမှာ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းဟင်္သာတ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည့် ပထမဦးဆုံး ရှေ့နေ အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကျန်းမာ ရေး ကောင်းမွန်နေသည်ဟု ၎င်းက ဆက် ပြောသည်။

အဖမ်းမခံရခင် အချိန်က သားအိမ်ခွဲစိတ်ကုသထားရသည့် အပြင် သွေးအား နည်းရောဂါလည်း ရှိသည့်အတွက် ပုံမှန်ဆေးခန်းပြနေရသူဖြစ်၍ သူမ၏ ကျန်းမာရေး အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ပြောသည်။

သူမနှင့် ရင်းနီးသည့် အမှုသည် တစ်ဦးက “ဆရာမ က သဘောမနှော ကောင်းသူတစ်ဦးပါ။ နိုင်ငံရေး အမှုသည် တွေကို အခမဲ့ လိုက်ပေးတတ်တဲ့သူပါ” ဟု ပြောသည်။

နိုင်ငံရေး အမှုများကို ရှေ့နေများက ဥပဒေပါ အချက်အလက်များဖြင့် ကိုးကား ခုခံကာ လျှောက်လဲချက်များ ပေး နေကြသော်လည်း စစ်ကောင်စီ၏ အမိန့်ဖြင့်သာ တရားသူကြီးများက တရားစီရင်နေသည်ဟု ဥပဒေအထောက် အကူပြု အဖွဲ့ဝင်ဟောင်း တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ထောင်ဒဏ် ၂ နှစ် အမိန့် ချခံလိုက်ရသည့် ဒေါ်ဧရာလင်းထွန်း ကို ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်က ဟင်္သာတခရိုင် တရားရုံးမှ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူများ၏ အမှုကိစ္စများကို လိုက်ပါ ဆောင်ရွက်ပြီး အပြန်လမ်းတွင် စစ် ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်းတရားရုံးက စက်တင်ဘာလ ၁၅ ရက်နေ့က ထောင်ဒဏ်ချ လိုက်ခြင်း ဖြစ်သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...