ရှမ်းမြောက်မှာ တပ်ပြန်ဆုတ်နေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို KIA စောင့်ကြိုတိုက်ခိုက်

ရှမ်းမြောက်မှာ တပ်ပြန်ဆုတ်နေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို KIA စောင့်ကြိုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub State) မှာ စစ်အင်အား ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်တွေ ပြန်လည် ထွက်ခွာနေပြီး စက်တင်ဘာလ (၁၅) ရက်နေ့ ညနေ (၄) နာရီလောက်က ကွတ်ခိုင်မြို့ကနေ  ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ဘက်ကနေ မနေ့က စက်တင်ဘာလ (၁၆) ရက်နေ့က လမ်းခုလတ်မှာ စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ကွတ်ခိုင်ဘက်ကနေ အစီး (၃၀) လောက်နဲ့ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ဘက်က ပန်ဂျမ် (ninghtawn) နဲ့ တပ်ရင်း (၈)က တပ်ခွဲ (၁) တို့ ပူးပေါင်းပြီး ပိန်းခိုကျေးရွာနဲ့ မန်ပိန်းကျေးရွာနားမှာ မနေ့က ညနေပိုင်း (၄) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းရောက် KIA တပ်သားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဘေးမှာ လုံခြုံရေးယူပေးတဲ့ အဖွဲ့တွေလည်းရှိတော့ ပစ်ရမှာ သိပ်အဆင်မပြေလို့ (၇) ချက်၊ (၈) ချက်ပဲ ပစ်ပြီး ကျွန်တော်တို့ ပြန်သွားလိုက်တယ်”လို့ ဆိုပါတယ်။

မိနစ် (၂၀) ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူးလို့လည်း နောက်ထပ် KIA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

အဲဒီ စစ်ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ရက်က မုံးကိုးဘက်ကနေ နမ်ဖတ်ကာ ခလရ (၁၂၃) တပ်ရင်းရဲ့ စစ်ယာဉ်တန်းဖြစ်ပြီး လားရှိုးဘက်ကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်ကနေ လွန်ခဲ့တဲ့တစ်ပတ်အတွင်းက ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်ဘက်တွေမှာ စစ်အင်အားတိုးချဲ့ခဲ့ပြီး KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီးတော့ လက်ရှိမှာ ပြန်လည်ဆုတ်ခွာနေတာပဲ ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...