ဒဂုံတက္ကသိုလ် ကျောင်းသားကို စစ်ကောင်စီတပ်မှ ထောင်ဒဏ် ၁၃ နှစ်ချ

ဒဂုံတက္ကသိုလ် ကျောင်းသားကို စစ်ကောင်စီတပ်မှ ထောင်ဒဏ် ၁၃ နှစ်ချ

ဒဂုံတက္ကသိုလ် (ပထမနှစ်) စိတ်ပညာအထူးပြုကျောင်းသား ကိုထူးဝေလင်းကို စစ်ကောင်စီတပ်မှ စက်တင်ဘာ ၁၆ ရက်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ အတိအကျတော့ မသိရသေးဘူးဗျ၊ ဒီနေ့ အပြီးသတ်အမိန့်ချတယ်ပဲ ကြားတယ်၊ ဘာပုဒ်မတွေနဲ့ချလဲဆိုတာ မသိရဘူး၊ အရင်လ ကတော့ သုံးနှစ်အရင်ချတယ်၊ ဒီနေ့ချတာက ၁၀ နှစ် စုစုပေါင်း ၁၃ နှစ်ဖြစ်ပါတယ် ” ဟု နီးစပ်သူက ဆိုသည်။

ကိုထူးဝေလင်းကို ယနေ့တွင် ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ်မှ အသင်းတစ်ခုဖြစ်သည့် Future The Dagon မှလည်း သတင်းထုတ်ပြန်ထားပြီး မည်သည့်ပုဒ်များဖြင့် ချမှတ်လိုက်သည် ကိုမသိရသေးပေ။

၎င်းသည် ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်နေ့ကတည်းက စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံထားရပြီး တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံထားသည့် ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအနက် ကျောင်းသားသမဂ္ဂ၊ အသင်းအဖွဲ့များနှင့်ပတ်သက်သူများကို စစ်ကောင်စီက နှစ်ရှည်ထာင်ဒဏ်များ ချမှတ်နေကြောင်းဆိုသည်။

ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်သည့် ကိုမင်းသုခကျော်ကို ထောင်ဒဏ် ၁၀ နှစ်နှင့် လက်ရှိသမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ကိုစည်သူအောင်တင်ကို ထောင်ဒဏ် ၁၀ နှစ်၊ မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၃ နှစ် စစ်ခုံရုံးများမှ အသီးသီးထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ၌ စစ်ကောင်စီမှ ဖမ်းဆီးထားသည့်သူ စုစုပေါင်း ၁၂,၄၀၆ ဦးရှိနေပြီး သတ်ဖြတ်ခံရသူ ၂,၂၇၆ ဦးရှိနေပြီ ဖြစ်သည်။

စာတည်း။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...