ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်မရခဲ့သူ ရခိုင်တွင်နောက်ထပ်ကျောင်းသား၊ကျောင်းသူ ၈ ဦးထပ်မံရှိလာ

ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်မရခဲ့သူ ရခိုင်တွင်နောက်ထပ်ကျောင်းသား၊ကျောင်းသူ ၈ ဦးထပ်မံရှိလာ

စာတိုက်များမှ လျှောက်လွှာများကို အချိန်မီမပေးပို့ခဲ့သဖြင့် ရခိုင်ပြည်နယ်မှ  ဆေးကတက္ကသိုလ် စာမေးပွဲ ဖြေဆိုခွင့်မရသူ နောက်ထပ် ကျောင်းသား၊ ကျောင်းသူ (၈) ဦး ရှိကြောင်း သတင်းရရှိသည်။  

၎င်းတို့မှာ ကျောက်ဖြူမြို့နယ်က ၁ ဦး၊ ရမ်းဗြဲမြို့နယ်က ၁ ဦး၊ မြေပုံမြို့နယ်က ၁ ဦး၊ ကျောက်တော် မြို့နယ်က ၁ ဦး၊ ဘူးသီးတောင်မြို့နယ်က ၄ ဦးဖြစ်ကြောင်း သိရသည်။

ယမန်နေ့က နိရဉ္စရာသတင်းဌာနက ထုတ်ပြန်ပေးခဲ့သည့် ကျောင်းသား ကျောင်းသူ ၃ ဦးရှိပြီး ၎င်းတို့မှာ ရသေ့တောင်မြို့နယ်မှကျောင်းသူ တစ်ဦး၊  ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ကျောင်းသား ၂ ဦးတို့ဖြစ်ကြပြီး လက်ရှိ အချိန်ထိ ရခိုင်က ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့်မရကြသည့် ကျောင်းသူ၊ ကျောင်းသားများမှာ (၁၁) ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးမှ ဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်များ ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရသူမှာ ၁၉၆ ဦးရှိပြီး အထက် ဖော်ပြပါ ကျောင်းသား ကျောင်းသူ (၁၁) ဦးမှာ ဖြေဆိုခွင့်မရရှိခဲ့ဟု သိရသည်။

ဆေးကျောင်းဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် မရသူများမှာ ကျောက်ဖြူမြို့နယ်၊ အောင်လံအုပ်စု၊ ပဲ့တင်ရွာမှ ဦးဝေစိုးအောင် နှင့် ဒေါ်လှနု တို့၏ သားမောင်လှထွန်းကျော်ဖြစ်ပြီး သူ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ ၇၃၊ သင်္ချာ ၇၂၊ ဓါတုဗေဒ ၈၈၊ ရူပဗေဒ ၈၅၊ ဇီဝဗေဒ ၉၃ စုစုပေါင်း ရမှတ်ပေါင်း ၄၈၆မှတ်ဖြစ်သည်ဟုသိရသည်။

 ‌မောင်လှထွန်းကျော်သည်ကျောက်ဖြူမြိုနယ်၊ ဂန့်ဂါ ၊ အ.ထ.က (ခွဲ)ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာဖြင့် သိပ္ပံဘာသာတွဲနှင့် အောင်မြင်ခဲ့သူဖြစ်သည်။

နောက်ထပ် ဆေးကျောင်းဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်မရခဲ့သူ နောက်တစ်ဦးမှာ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၁) မှ ဦးခင်မောင်ထွန်းနှင့် ဒေါ်အေးတင် တို့၏ သမီး မဆုမြတ်နွယ် ဖြစ်ပြီး သူမ၏ရမှတ်များမှာ  မြန်မာစာ ၈၀၊ အင်္ဂလိပ်စာ ၇၂၊ သင်္ချာ ၈၅၊ ဓါတုဗေဒ ၈၇၊ ရူပဗေဒ ၈၆၊ ဇီဝဗေဒ ၉၀ စုစုပေါင်း ရမှတ်ပေါင်း ၄၉၃ မှတ်ဖြစ်သည်ဟုသိရသည်။

သူမသည် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ (အ.ထ.က) ဇရပ်ပြင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးနှင့် ဖြေဆိုအောင်မြင်ခဲ့သည်ဟုသိရသည်။

မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမှ  ဦးအောင်ကျော်ဝင်းနှင့် ဒေါ်ခင်ယုတင်တို့၏ သား‌မောင်နိုင်းနိုင်းဖြစ်ပြီး  ၎င်းသည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး အ.ထ.က ကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲကို သိပွံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။ မောင်နိုင်းနိုင်း၏ ရမှတ်များမှာ  မြန်မာစာ ၇၁၊ အင်္ဂလိပ်စာ ၇၂၊ သင်္ချာ ၈၅၊ ဓါတုဗေဒ ၈၉၊ ရူပဗေဒ ၈၇၊ ဇီဝဗေဒ ၉၁ စုစုပေါင်း ရမှတ်ပေါင်း ၄၉၅ မှတ်ဖြစ်သည်ဟုသိရသည်။

ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာမှ ဦးမောင်ညွှန့်လှိုင်နှင့် ဒေါ်သန်းစိန်နု တို့၏ သမီး မယုဇင်နွယ်သည်လည်း ဆေးကျောင်းဝင်ခွင့် စာမေးပွဲဝင်ခွင့်လျှောက်ထားခဲ့သော်လည်း ဖြေဆိုခွင့် မရခဲ့ဟု သိရသည်။

မယုဇင်နွယ်၏ရမှတ်များမှာ မြန်မာစာ ၆၃၊ အင်္ဂလိပ်စာ ၆၉၊ သင်္ချာ ၉၃၊ ဓါတုဗေဒ ၈၉၊ ရူပဗေဒ ၈၄၊ ဇီဝဗေဒ ၉၁ စုစုပေါင်း ရမှတ်ပေါင်း ၄၇၉ မှတ်ဖြစ်သည်ဟုသိရသည်။

မယုဇင်နွယ်သည် ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ၊ အထက (ခွဲ)ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ဂုဏ်ထူး ၃ ဘာသာနှင့်အောင်မြင်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်၊ မီးရထားဆိပ် ရပ်ကွက်မှ ဦးဆော်လာမတ်အူလ္လာ နှင့် ဒေါ်ဆော်ယော်ဒါခါတူ တို့၏သား မောင်အုံမင်ဖါရုစ်၊ ဘူးသီးတောင်မြို့၊ အထက  (ခွဲ) ကျောင်းက  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

၎င်း၏ ရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ ၇၀၊ သင်္ချာ ၇၃၊ ဓါတုဗေဒ ၉၄၊ ရူပဗေဒ ၈၇၊ ဇီဝဗေဒ ၈၉ စုစုပေါင်း ရမှတ်ပေါင်း ၄၈၈ မှတ်ဖြစ်သည်ဟု သိရသည်။

ဦးလော်တိဖ်ခါန်နှင့် ဒေါ်ရူကီယာ တို့၏သမီး မခင်စန္ဒာဝင်းသည် ဘူးသီးတောင်မြို့၊ အထက (ခွဲ)၊ အလက (၂) ကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို သိပွံဘာသာတွဲဖြင့် ၃ ဘာသာ ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်ဟုသိရသည်။ မခင်စန္ဒာဝင်း၏ ရမှတ်များမှာ မြန်မာစာ ၇၂၊ အင်္ဂလိပ်စာ ၇၁၊ သင်္ချာ ၇၈၊ ဓါတုဗေဒ ၈၇၊ ရူပဗေဒ ၈၂၊ ဇီဝဗေဒ ၉၀ စုစုပေါင်း ရမှတ်ပေါင်း ၄၈၀ မှတ်ဖြစ်သည်ဟုသိရသည်။

ဦးနေဝင်းနှင့် ဒေါ်သန်းသန်းတို့၏ သမီးမမေရီသဇင်အောင်သည် ဆေးကျောင်းတက်ခွင့် လျှောက်ထားသော်လည်း ဝင်ခွင့် ဖြေဆိုခွင့်မရခဲ့ဟု ဆိုသည်။ သူမသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘူးသီးတောင်မြို့၊  အ.ထ.က (ခွဲ)၊အ.လ.က (၂)ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို  သိပ္ပံဘာသာတွဲဖြင့် ၅ ဘာသာ ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။ သူမ၏ ရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ ၆၃၊ သင်္ချာ ၈၂၊ ဓါတုဗေဒ ၈၉၊ ရူပဗေဒ ၈၇၊ ဇီဝဗေဒ ၉၅ စုစုပေါင်း ရမှတ်ပေါင်း ၄၉၁ မှတ်ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်မှ မမေရီသဇင်အောင်သည်။

ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာမှ ဦးမာမတ်နုရ် နှင့် ဒေါ်တာဟေရာတို့၏ သား မောင်ရာဂျီစ်ခါန်သည်လည်း ဆေးကျောင်းဝင်ခွင့် စာမေးပွဲလျှောက်ထားသော်လည်း စာမေးပွဲ ဖြေဆိုင်ခွင့် မရခဲ့ဟု သိရသည်။ ဘူသီးတောင်မြို့နယ်မှ မောင်ရာဂျီစ်ခါန်သည် ဘူးသီးတောင်မြို့နယ်၊ အ.ထ.က (ခွဲ)အ.လ.က (၂) ကျောင်းမှ တက္ကသိုလ်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်ဟုသိရသည်။

မောင်ရာဂျီစ်ခါန်၏ရမှတ်များမှာ မြန်မာစာ ၆၂၊ အင်္ဂလိပ်စာ ၅၇၊ သင်္ချာ ၈၆၊ ဓါတုဗေဒ ၈၈၊ ရူပဗေဒ ၈၅၊ ဇီဝဗေဒ ၉၃ စုစုပေါင်း ရမှတ်ပေါင်း ၄၇၁ မှတ်ဖြစ်သည်ဟုသိရသည်။

ယခုကိစ္စနှင့် ပတ်သတ်ပြီး ကျောက်ဖြူမြို့နယ်၊ အ.ထ.က (ခွဲ) ဂန့်ဂါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးဝင်းအောင်က  " ကျွန်တော်တို့ကတော့ အချိန်မမီလိုက်တဲ့ ကျောင်းသား ကျောင်းသူ အတွက် နောက်တစ်ခေါက် အနေနဲ့ ကလေးတွေရဲ့ဘဝတစ်လျှောက်မှာ ကြိုးစားမှုရလဒ်ကို အဆုံးအဖြတ်ပေးဖို့ အတွက်၊ နောက်ထပ် အခွင့်အရေးပေးစေချင်ပါတယ်။ စဥ်းစားပေးစေချင်ပါတယ်" ဟုနိရဉ္စရာ ကို ပြောသည်။

ဆေးကျောင်းဝင်ခွင့် စာမေးပွဲ ဖြေဆိုင်ခွင့်ရသူ ကျောင်းသားကျောင်းသူများမှာ စစ်တွေမြို့နယ်က ၈၈ ဦး၊ တောင်ကုတ်မြို့နယ်က ၂၄ ဦး၊ သံတွဲမြို့နယ်က ၁၄ ဦး၊ မြောက်ဦးမြို့နယ်က ၁၂ ဦး၊ မင်းပြားမြို့နယ်က ၁၀ ဦး၊ ဘူးသီးတောင် မြို့နယ်က ၁၀ ဦး၊ ပုဏ္ဍားကျွန်းမြို့နယ်က ၇ ဦး၊ ကျောက်ဖြူမြို့နယ်က ၇ ဦး၊ မြေပုံမြို့နယ်က ၄ ဦး၊ အမ်းမြို့နယ်က ၄ ဦး၊ မာန်အောင်မြို့နယ် ၄ ဦး၊ မောင်တောမြို့နယ် ၃ ဦး၊ ပေါက်တောမြို့နယ်က ၂ ဦး၊ ဂွမြို့နယ်က ၁ ဦးတို့ ဖြစ်ကြသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...