ရဲတစ်ဦး လက်နက်နှင့် အတူ CDM လုပ်

ရဲတစ်ဦး လက်နက်နှင့် အတူ CDM လုပ်

ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM တွင် ပါဝင်သည်ဟု မြိုင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တာဝန်ရှိသူများက ပြောသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ် ရဲစခန်းက စက်တင်ဘာလ ၁၃ ရက်နေ့က ရဲတပ်သားတစ်ဦးသည် လက်နက်နှင့်အတူ CDM တွင် ပါဝင်လာခဲ့ရာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားသည်ဟု သိရသည်။

“လက်နက်ပါပြီး CDM ဝင်လာလို့ သိန်းတစ်ရာ ဂုဏ်ပြုချီးမြှင့်ထားပါတယ်။ အခုတော့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပါတယ်။ တခြား CDM ဝင်ချင်လို့ ဆက်သွယ်ထားတဲ့ သူတွေလည်း ရှိပါတယ်” ဟု မြိုင်မြို့နယ် ပြည် သူ့ကာကွယ်ရေး တပ်မတော်က ဗိုလ်လက်ယာ က ပြောသည်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဆီကို CDM မှာ ပါဝင်လိုကြောင်း နှစ်လကြာ ဆက်သွယ်ပြီးနောက် လက်နက်နှင့် အတူ ပါဝင်လာခြင်းဖြစ်သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က တာဝန်ရှိသူက ပြောသည်။

ယခု CDM လုပ်လိုက်သည့် ရဲတပ်သားက G3 သေနတ်တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ လက်ထိပ်တစ်စုံ၊ ကျည် ၁၃၂ တောင့် နှင့် CDM လုပ်လာခြင်း ဖြစ်သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန် ထားသည်။

စစ်ကောင်စီတပ်သားများ အနေဖြင့် ပြည်သူလူထုနှင့် အတူ ရပ်တည်ကာ CDM တွင် ပါဝင်ကြဖို့နင့် CDM ပြုလုပ် လိုသူများကိုလည်း ဖိတ်ခေါ်ကြိုဆိုနေသည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထုတ်ပြန် ထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...