ဝခါးပိုစ့်အား စစ်ကောင်စီပူးပေါင်းအဖွဲ့များ သိမ်းယူလိုက်ပြီ ဆိုသည့်အပေါ် ယင်းစခန်းသည် လူမရှိတော့သည့် စခန်းငယ်သာ ဖြစ်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံပြော

ဝခါးပိုစ့်အား စစ်ကောင်စီပူးပေါင်းအဖွဲ့များ သိမ်းယူလိုက်ပြီ ဆိုသည့်အပေါ် ယင်းစခန်းသည် လူမရှိတော့သည့် စခန်းငယ်သာ ဖြစ်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံပြော

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့  ရှေ့တန်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဝခါးပိုစ့် (Wahka post) ကို စစ်ကောင်စီစစ်သားတွေနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီ KIA စခန်းငယ်ဟာ လူမရှိတော့တာ ကြာပြီဖြစ်တဲ့ စခန်းနေရာတစ်ခုသာ ဖြစ်တယ်လို့ KIA/KIO သတင်းနဲ့  ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIA တပ်ရင်း (၁၄) ဌာနချုပ်ဘက် မဟုတ်ဘဲ ကားလမ်းဘေး လူမနေတော့တဲ့ ဝခါးမှော်ဘက်က ရှေ့တန်းစခန်းကို မနေ့က စစ်ကောင်စီဘက်ကနေ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကားလမ်းဘေးဘက်က နေရာ (ninghtawn rung) ရှေ့တန်းပိုစ့် နေရာမှာ လာပစ်တယ်။ ဒါပေမယ့် အဲဒီနေရာမှာက ကျွန်တော်တို့ မနေတော့တာ ကြာပြီ။ သူတို့ အခြေအနေကြည့်ပြီး ကျွန်တော်တို့ ထားသွားခဲ့တာကြာပြီ။ အလွတ်မှာ လေယာဉ်နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ပြီး ခြေလျင်နဲ့ရော ရောက်လာကြပြီး ပြန်ခေါက်သွားကြတဲ့ ဖြစ်စဉ်ပဲပေါ့” လို့ ဆိုပါတယ်။

မနေ့က ဝခါးပိုစ့်ဘက် စစ်ကောင်စီဘက်ကနေ ဆက်တိုက်ဆိုသလို လေယာဉ်ပေါ်ကနေ ဗုံးအပြင် သေနတ်နဲ့ပါ ပစ်ခတ်ပေးနေတယ်လို့ ဒေသခံပြည်သူတွေက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားခဲ့တာပါ။

အထက်ပါ စခန်းသိမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဆန်အိတ် (၅၀)၊ ကား (၁)၊ စီးဆိုင်ကယ် (၁၀) စီး၊ ယူနီဖောင်းဂိုထောင် (၁) ခု၊ ကွန်ပျူတာ (၂) လုံး၊ အစာခြောက်များစုဆောင်းထားသည့်ဂိုထောင် (၁) လုံး၊ လူနေတဲ့ ဂိုထောင်အလုံး (၅၀)၊ လက်နက်နဲ့  ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အားလုံးမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပြီး ရုပ်သံဖိုင်တစ်ခုကိုပါ တွဲတင်ထားတာကို တွေ့ရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...