ထိုင်းလေဆိပ်မှာ နိုင်ငံကူးစာအုပ် စကန် ဖတ်မရလို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ချင်းအမျိုးသမီးကိစ္စကို ကွာရန်တင်းပြီးမှ အမှုကိစ္စဆောင်ရွက်နိုင်မယ်လို့ သိရ

ထိုင်းလေဆိပ်မှာ နိုင်ငံကူးစာအုပ် စကန် ဖတ်မရလို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ချင်းအမျိုးသမီးကိစ္စကို ကွာရန်တင်းပြီးမှ အမှုကိစ္စဆောင်ရွက်နိုင်မယ်လို့ သိရ

ရန်ကုန်မှ ဘန်ကောက်ကို ဩဂုတ်လ ၃၁ နေ့ကထွက်ခွာလာတဲ့ လေကြောင်းလိုင်းမှာ ပါလာတဲ့ အိုမန်နိုင်ငံမှာအလုပ်လုပ်ဖို့သွားတဲ့အသက် ၂၀ အရွယ် ချင်းအမျိုးသမီးရဲ့နိုင်ငံကူးစာအုပ် Scan စကန် ဖတ်မရလို့ဆိုပြီး ပတ်စပို့စာအုပ် အတုဆိုတဲ့သံသယနဲ့ ထိုင်းလေဆိပ်ရဲက ဖမ်းဆီးလိုက်လို့ ဖမ်းဆီးခံသူမကို ထောင်မှာ ကွာရန်တင်းထားရှိပြီး ကိုဗစ်ကွာရန်တင်းပြီးမှသာ အမှုကိစ္စဆောင်ရွက်နိုင်မယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။

"အခုက ဆမူပကန်ထောင်မှာထိန်းသိမ်းခံရပါတယ်၊ ကွာရန်တင်းက ၂၁ ရက် ဝင်နေတဲ့အတွက် သွားပြီးတော့ တွေ့ဆုံခွင့်လည်းမရဘူး၊ ဖုန်းနဲ့ဆက်သွယ်လို့လည်း မရပါဘူး၊ ဒီကွာရန်တင်းပြီးမှပဲ အမှုကိစ္စက ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ အခုလို ချင်းတောင်က ထွက်လာကြတဲ့ အမျိုးသမီးငယ်လေးတွေဟာ ဒုက္ခကြုံတွေ့တာကို မနည်းတော့ဘူး၊ ဆိုတော့ ကိုယ်သွားတော့မယ်ဆိုရင် ဆက်သွယ်လို့ရမယ့် အသိုင်းအဝိုင်းတွေ၊ ဘေးအန္တရယ်တွေကအစပေါ့ သေချာလေး ကြိုတင်ပြင်ဆင်နိုင်ရင် ကောင်းမှာ။" လို့ပြောပါတယ်။

ထိုင်းလေဆိပ်ရဲက ဖမ်းဆီးခဲ့တဲ့ ချင်းအမျိုးသမီးဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကဖြစ်ပြီးမိဘနှစ်ပါးလည်း ကွယ်လွန်သွားပြီဖြစ်ကာ အသက် ၂၀ အရွယ်သာရှိသေးကြောင်းသိရပါတယ်။

ပြည်တွင်း၊ ပြည်ပက အမျိုးသမီးအဖွဲ့အစည်းတွေကလည်း အခုထိ လာရောက်ဆက်သွယ်မေးမြန်းခြင်းမရှိသေးကြောင်း သူမအမှုကိုကူညီနေသူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုင်ငံခြားမှာအလုပ်ထွက်လုပ်ဖို့ကြိုးစားနေတဲ့ ချင်းအမျိုးသမီး ၂၆ ဦးကို ဒဂုံမြို့သစ်မြောက်ပိုင်း (၃၉) ရပ်ကွက်မှာ အေးဂျင့်ကဌားပေးထားတဲ့ အိမ်မှာ နေထိုင်တဲ့အချိန်မှာ ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်ပေးခဲ့တဲ့ကိစ္စတွေလည်း ရှိခဲ့ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...