ကာကွယ်ဆေး အပြည့် ထိုးထားသူတွင် ကိုဗစ်ပိုးတွေ့

ကာကွယ်ဆေး အပြည့် ထိုးထားသူတွင် ကိုဗစ်ပိုးတွေ့

ဧရာဝတီတိုင်းအတွင်း COVID-19 ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးထားပြီး သည့် အမျိုးသမီးတစ်ဦး ရောဂါပိုး ကူးဆက်ခံနေရသည်ဟု ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။

ပန်းတနော်မြို့နယ် မင်းဆယ်ကျေးရွာက အဆိုပါ အမျိုးသမီးသည် နေမကောင်းဖြစ်၍ စက်တင်ဘာလ ၁၀ ရက် နေ့က ဆေးရုံတက်ရောက် ကုသမှုခံယူ စဉ် COIVD-19 ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု ပန်းတနော်ဆေးရုံ ဝန်ထမ်း အချို့က အတည်ပြုပြောသည်။

“မင်းဆယ်ရွာဘက်က နေမကောင်းလို့ ဆေးရုံလာတက်တဲ့ အမျိုးသမီးကို ဆေးစစ်တော့ ကိုဗစ်ပိုး ရှိနေတာ တွေ့ ရတယ်” ဟု ဆေးရုံ ဝန်ထမ်းတစ်ဦး က ပြောသည်။

ထို COVID-19 ရောဂါပိုး တွေ့ရှိသည့် လူနာနှင့် ထိတွေ့သူ ၄ ဦးကိုလည်း ပန်းတနော်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် Quarantine သီးသန့်ထားရှိထားသည်ဟု ကော်မတီ တာဝန်ရှိ သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပိုးတွေ့လူနာ အမျိုးသမီးမှာ စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ထိုးပေးသော COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးထားပြီးသူ ဖြစ်သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဒီရောဂါပိုးက ဗီဇမျိုးကွဲတွေ ထပ်ဖြစ်နေတာ ဆိုတော့ ကာကွယ်ဆေး ထိုးထားတယ် ဆိုပေမယ့် မပေါ့ဆသင့် ဘူး။ အပြင်ထွက်ရင် Mask တပ်ဖို့ လက်ဆေးဖို့ လူစုလူဝေးရှိတဲ့နေရာတွေကို အတတ်ဆုံး ရှောင်ကျဉ်ကြဖို့ လို အပ်တယ်” ဟု မြို့ခံ ဆရာဝန်တစ်ဦး က ပြောသည်။

ဧရာဝတီတိုင်းထဲတွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပွားသည့် COVID-19 ရောဂါပိုး တတိယလှိုင်း ကူးဆက်ပြန့်ပွားချိန်က ရောဂါပိုး ကူးဆက်ခံရသည့် လူနာများ ရာဂဏာန်းချီကာ သေဆုံးခဲ့ရသည်ဟု တိုင်းကျန်း မာရေး ဦးစီးဌာန အသိုင်းအဝိုင်းက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...