ပစ်သတ်ခံရသူများမှာ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း PDF လေးဖွဲ့ ထုတ်ပြန်

ပစ်သတ်ခံရသူများမှာ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း PDF လေးဖွဲ့ ထုတ်ပြန်

ထားဝယ်ခရိုင်အတွင်း သေနတ်နှင့် ပစ်ခံရပြီး သေဆုံးသူ ၇ ဦးမှာ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့ PDF အဖွဲ့ လေးဖွဲ့က ပူးတွဲ ထုတ်ပြန် ကြေညာသည်။

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၇ ဦး သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဖြစ်စဉ်များသည် ဒေသခံ PDF အဖွဲ့များနှင့် မသက်ဆိုင်ကြောင်း PDF အဖွဲ့ ၄ ဖွဲ့က ပူပေါင်း၍ စက်တင်ဘာလ ၁၁ ရက်နေ့ က သတင်းထုတ် ပြန် ငြင်းဆိုထားခြင်းဖြစ်သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များဖြစ်သည့် YePhyu People Defence Force-YPPDF ၊ Dawei Guerrilla Revolutionary Force - DGRF၊ Launglone People Defense Force - LLPDF နှင့် T-PDF အဖွဲ့တို့က ပူးပေါင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ရေဖြူမြို့နယ်အတွင်းက ဘဝါ၊ ပုဂေါဇွန်း၊ မူးဒူး၊ ဧကနိနှင့် လဲရှောင်ကျေးရွာများမှ အမျိုးသား ၆ ဦးနှင့် အမျိုး သမီး ၁ ဦး တို့ ပုံစံမျိုးမျိုးဖြင့် ပြီးခဲ့သည့် သြဂုတ်လမှ စက်တင်ဘာလအတွင်း ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီလူတွေကို ဘယ်အဖွဲ့ကမှ လုပ်ဆောင်တယ်ဆိုတာမျိုး အခုထိ သတင်းထုတ်ပြန်တာလဲ မရှိသေးပါဘူး။ PDF အဖွဲ့တွေက လုပ်ခဲ့တာဆိုရင် ချက်ခြင်း ဘာအကြောင်းကြောင့်ဆိုတာ ပြည်သူသိအောင်ဖော်ပြပါတယ်” ဟု ဒေသခံ PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုံစံအမျိုးမျိုးဖြင့် အသတ်ခံခဲ့ရသူများမှာ ဦးဝင်းကို ဘဝါကျေးရွာ၊ ပုဂေါဇွန်းကျေးရွာမှ

ဦးစောမင်းထွေးနှင့် ဦးရဲ မြင့်ဦး၊ မူးဒူးကျေး ရွာ က ဒေါ်ပိုကြည်၊ ဧကနိကျေးရွာက ကိုနော်ဘွာ၊ ရငဲကျေးရွာမှ ကိုသိန်းအောင် နှင့် လဲရှောင် ကျေးရွာမှ ကိုကြည်စိုးတို့ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။

July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...
July 16, 2026
မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်...
July 15, 2026
ဧရာဝတီတိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း...