မြောက်ဦးမှဖမ်းဆီးခံထားရသည့် ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကို စက်တင်ဘာ ၁၉ ရက်တွင်ရုံးထုတ်မည်

မြောက်ဦးမှဖမ်းဆီးခံထားရသည့် ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကို စက်တင်ဘာ ၁၉ ရက်တွင်ရုံးထုတ်မည်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကို လာမည့်စက်တင်ဘာလ ၁၉ ရက်တွင် မြောက်ဦးမြို့နယ်တရားရုံး၌ရုံးထုတ်မည်ဟု သူနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

"ရုံးထုတ်မဲ့ကိစ္စကို ပြီးခဲ့တဲ့ ၃ ရက် ၄ ရက်လောက်က ဖမ်းထားနေရာက တရားသူကြီးနဲ့ Video call နဲ့ ရမန်ယူထားတယ်လို့ သိရတာ။ မြောက်ဦး ရဲစခန်းကိုလည်း မရောက် သေးဘူး။ မိသားစုနဲ့လည်း လုံးဝအဆက်အသွယ် မရသေးဘူး" ဟု ပြောသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုမျှဝေရင်း လူသိများလာနေသည့် မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကို စစ်သားနှင့်ရဲအင်အား ၂၀ ခန့်က စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်ရှိ သူ၏နေအိမ်မှ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး လက်ရှိတွင် ရဲလက်ကို မအပ်ဘဲ မြောက်ဦးအခြေစိုက်တပ်ရင်း (၃၇၇) တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက်ဟု စစ်ကောင်စီက စက်တင်ဘာ ၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ထားသည်။

သူ့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (က) အပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသည်ဟုလည်း သူ၏နီးစပ်သူများက ပြောသည်။

လက်ရှိတွင် ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကို မိသားစုနှင့်လည်း တွေ့ခွင့်မပေးသေးဟု သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...