ရေးခရိုင် တရားရုံး မော်တာဖြင့် ပစ်ခံရ

ရေးခရိုင် တရားရုံး မော်တာဖြင့် ပစ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးခရိုင်တရားရုံး ၄၀ မမ မော်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ရေးခရိုင်တရားရုံးကို စက်တင်ဘာ ၉ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်က ၄၀ မမ ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သ်ညဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန် ထားသည်။

စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှု ရပ်တန့်ရေး ခရိုင်တရားရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးဘီလူး အဖွဲ့က ထုတ်ပြန်ထားသည်။

“ခရိုင်ရုံးနဲ့ ပတ်သက်ပြီး ကျနော်တို့ သတိပေးထားတဲ့ကြားကနေ ခရိုင်မှူးအသစ်ကိုခန့်တယ်။ ခရိုင်ရုံးကို ဖွင့် လှစ်တဲ့ အတွက်ကြောင့်မို့ စစ်ကောင်စီယန္တရား လည်ပတ်မှုမရှိအောင် စစ်ကောင်စီကို အားပေးအားမြှောက်တဲ့ အရာမှန်သမျှကို သုတ်သင်ရှင်းလင်းသွားမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တရားရုံး အဆောက်အဦအချို့ ထိခိုက်ပျက်စီးသွားသွားသော်လည်း လူထိခိုက်မှု မရှိဟု သိရသည်။

ထို့အပြင် စက်တင်ဘာ ၈ ရက်နေ့၊ ည ၇ နာရီခန့်ကလည်း ရေးခရိုင်တရားရုံး ဗုံးဖောက်ခွဲခံရသည်ဟု ဒေသခံ များ၏ ပြောပြချက် သိရသည်။

“ညပိုင်းမှာလည်း ဗုံးပေါက်သေးတယ်၊ ခရိုင်ရုံးထဲကို ဗုံးလာပစ်သွင်းသွားတယ်လို့ ပြောတယ်” ဟု ဒေသခံ တစ် ဦးက ပြောသည်။

ရေးခရိုင်တရားရုံးကို စစ်ကောင်စီက ရေးမြို့နယ်အား ခရိုင်အဖြစ် ပြောင်းလဲပြီးနောက် စက်တင်ဘာ ၁ရက်နေ့ ကမှ ဖွင့်လှစ်ခဲ့ခြင်းသည်ဟု သိရသည်။

ရေးမြို့ရှိ ရဲစခန်း၊ အစိုးရရုံးများနှင့် တံတားစစ်ဆေးရေးဂိတ်များကို ရေးဘီလူးအဖွဲ့နှင့်

ဒေသတွင်းလှုပ်ရှား နေ သည့် ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်ဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေးဆိုသူများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများလည်း မကြာခဏ ပစ်သတ်ခံရလေ့ရှိသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...