ဝန်ထမ်းများ နုတ်ထွက်ရန် သတိပေးပြီးနောက် ကျောင်းအချို့ ပိတ်ထားရ

ဝန်ထမ်းများ နုတ်ထွက်ရန် သတိပေးပြီးနောက် ကျောင်းအချို့ ပိတ်ထားရ

Non CDM ဝန်ထမ်းများ စစ်ကောင်စီ လက် အောက်မှ နှုတ်ထွက်ကြရန် PDF က သတိပေးပြီးနောက် ထားဝယ်ခရိုင်အတွင်း ကျောင်းအချို့ ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ရှိ စစ်ကောင်စီ လက်အောက်ရှိ စာသင်ကျောင်းများတွင် Non CDM ဝန်ထမ်းများ စက်တင်ဘာလကုန် နောက်ဆုံး ထားပြီးနှုတ်ထွက်ကြရန် စက်တင်ဘာ ၅ ရက်နေ့က သရက်ချောင်းမြို့နယ် PDF အဖွဲ့က သတိပေးစာ လာရောက် ကပ်ထားသဖြင့် ကျောင်းအချို့ ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

“မိဘတွေက စိတ်ပူပြီး ကလေးတွေကို ကျောင်းမလွှတ်ရဲတော့ဘူး။ ကျောင်းသားတွေ ကျောင်းသွားမတက် တော့ ကျောင်းတွေလည်း ပိတ်ထားရတာပေါ့” ဟု အသက် ၃၀ ခန့်အရွယ် ကျောင်းသားမိခင်တစ်ဦးက ပြော သည်။

PDF အဖွဲ့၏ သတိပေးစာအတွင်း စစ်အာဏာရှင်ကို အားပေးထောက်ခံနေသူ Non CDM ဝန်ထမ်းများအားလုံး စက်တင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပြီးနှုတ်ထွက်ကြရန် သတိပေးထားသည်။

အဆိုပါ သတိပေးချက်ကို လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု P.D.F သရက်ချောင်းမြို့နယ် ရေးသား ထုတ်ပြန်ထားသည်။

သတိပေးစာကပ်ခံရသည့် ကျေးရွာများမှာ သရက်ချောင်းမြို့နယ်အတွင်းက ကညင်ချောင်း၊ ဆိပ်ချောင်း၊ ပိတောက်ကြီး၊ ပိတောက်ငယ်ကျေးရွာတို့ဖြစ်ပြီး၊ ထိုသို့ သတိပေးစာများ ကပ်ခံရပြီးနောက် အဆိုပါကျေးရွာများအတွင်းရှိ ကျောင်းအချို့ ပိတ်ထားလိုက်ကြ သည် ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...