မနွယ်သန္တာဝင်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး အမှုဆင်ဖမ်းထားသည့်လူငယ်ကို အမြန်ဆုံး ပြန်လွတ်ပေးသင့်ကြောင်း လူ့အခွင့်အရေးရှေ့နေပြော

မနွယ်သန္တာဝင်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး အမှုဆင်ဖမ်းထားသည့်လူငယ်ကို အမြန်ဆုံး ပြန်လွတ်ပေးသင့်ကြောင်း လူ့အခွင့်အရေးရှေ့နေပြော

အများပြည်သူများ စိတ်ဝင်စားနေသည့် စစ်တွေမြို့မှ မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် အပြစ်မရှိဘဲ အမှုဆင်ဖမ်းထားသည့် လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးချစ်စိုး အသက် (၂၀ ) နှစ်ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်သည်ဟု အမည်မဖော်လိုသူ လူ့အခွင့်အရေးရှေ့နေတစ်ဦးက ပြောသည်။

''ULA/AA တရားခံအစစ်ကို ဖမ်းထားကြောင်းကြေညာထားတယ်။စစ်ကောင်စီက တရားခံ အစစ်ကို မရလိုက်လို့ သံသယရှိတာကို အကြောင်း ပြပြီး အမှုဖန်တီးဖို့ကြိုးစားနေတာ။ တရားခံမဖမ်းမိရင် သူတို့ ဂုဏ်သိက္ခာကျမှာလေ ။အဲ့ ဒါကြောင့် သူတို့က အပြစ်မရှိတဲ့သူကို မတရား သက်သေတွေနဲ့ အမှုဆင် ဖမ်းထားတာပေါ့'' ဟု အဆိုပါ လူ့အခွင့်အရေးရှေ့နေက နိဉ္စရာသို့ ပြောသည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်၍ ကမ်းထောင်းကြီးမြို့မှ စစ်တွေတွင် လာရောက် အလုပ်လုပ်နေသူ ကိုမျိုးချစ်စိုး အသက် (၂၀ ) နှစ် ကို စစ်ကောင်စီက သြဂုတ်လ (၁၆ ) ရက်နေ့က သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့သည်။

အဆိုပါအမှုကို လေ့လာစောင့်ကြည့်နေသူ လူ့အခွင့်အရေးရှေ့နေက ကိုမျိုးချစ်စိုးကို ဖမ်းဆီးထားခြင်းသည် တရားခံအစစ်ကို မဖမ်းနိုင်၍ လူစားထိုး တရားစီရင်ရန် အမှုဆင် ဖမ်းထားခြင်းဖြစ်သဖြင့် ပြန်လွှတ်ပေးသင့်သည်ဟု  နိရဉ္စရာသို့ ပြောသည်။

အဆိုပါ လူ့အခွင့်အရေးရှေ့နေက ''စစ်ကောင်စီက တရားဥပဒေစိုးမိုးရေ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အကုန်လုံးကိုချုပ်ကိုင်ထားတာလေ။ သူတို့ ရဲ့ ချို့ယွင်းချက်ကို ဖုံးကွယ်ဖို့ ဘာမဆိုလုပ်မှာဘဲ။ ၁၅.၈.၂၀၂၂ ရက်နေ့က မျိုးချစ်စိုးဟာ သူအလုပ် လုပ်တဲ့ဆိုင်မှာပဲ သူ့အလုပ်ရှင်၊ အလုပ်ဖော်တွေနဲ့ တနေကုန်ရှိတယ်။အခင်းဖြစ်တယ်လို့ ယူဆရတဲ့ မွန်းလွဲ ၂နာရီနဲ့ ၃နာရီကြားမှာ သူက သူတို့ အလုပ်ဆိုင်မှာပဲရှိနေတယ်။ ဆိုလိုတာက မျိုးချစ်စိုးဟာ ဒီအမှုရဲ့တရားခံ မဖြစ်နိုင်ဘူး'' ဟု နိရဉ္စရာသို့ ပြောသည်။

AA က တရားခံအစစ်ကို ဖမ်းဆီးထား၍ ရဲတပ်ဖွဲ့အနေဖြင့် ဂုဏ်သိက္ခာ ဆယ်လိုသည့်အနေဖြင့် အပြစ်မဲ့လူငယ်တစ်ဦးကို ဖမ်းဆီးထားရန် မသင့်ကြောင်းနှင့် လူငယ်တစ်ဦးအနေဖြင့် အထူး ထိခိုက်နစ်နာမှုရှိနေ၍ မဆိုင်သူကို ဖမ်းဆီးခြင်း မပြုလုပ်သင့်ကြောင်း ၎င်းက နိရဉ္စရာ သို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ တရားစီရင်ရေးမှာ တရားရုံးတွေကို လိုအပ်သလို တရားစီရင်ရေးကို ကြိုးကိုင်ထားသဖြင့် ကိုမျိုးချစ်စိုးမှာ မတရား အပြစ်ပေးခံရနိုင်ကြောင်း အဆိုပါရှေ့နေက သုံးသပ်ပြောဆိုသည်။

ကိုမျိုးချစ်စိုးကို သြဂုတ်လ (၁၆) ရက်နေ့ကဖမ်းဆီးပြီး လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကာ သြဂုတ်လ (၃၁ ) ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် ၍ ရမန်ချုပ်ရက် ထပ်ယူထားကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...