စစ်ဆင်ရေးအတွက်ခေါ်ယူသွားသည့် ဝေလာတောင်မှပြည်သူ့စစ် ၅ ဦး အိမ်ပြန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ မိသားစုများ စိုးရိမ်

စစ်ဆင်ရေးအတွက်ခေါ်ယူသွားသည့် ဝေလာတောင်မှပြည်သူ့စစ် ၅ ဦး အိမ်ပြန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ မိသားစုများ စိုးရိမ်

ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာမှ စစ်ကောင်စီတပ်က ခေါ်ယူ သွားသည့် သက်အမျိုးသား ပြည်သူ့စစ် (၅) ဦးမှာ ၂ လနီးပါးကြာသည့်တိုင်အောင် အိမ်ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြကြောင်း သိရှိရသည်။

အဆိုပါ သက်အမျိုးသား (၅) ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာမှဖြစ်ပြီး မကြာသေးမီက ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင်ပြုလုပ်သည့် စစ်ဆင်ရေးတွင် ပါဝင်ရန် စစ်ကောင်စီတပ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ အခုမောင်တောမြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စားသောက်ရေးကအစ အဘက်ဘက်က အခက်ကြုံနေ ရတဲ့အချိန်မှာ ရွာကလူတွေမှာလည်း တခြားမိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် မရ ဖြစ်နေကြတယ်။  အိမ်က လူတွေကိုလည်း ခေါ်သွားတာ ၂ လနီးပါးကြာနေပြီဖြစ်ပေမဲ့  ပြန်မရောက်တော့ မိသားစုတွေက စိုးရိမ် နေကြတာဖြစ်ပါတယ်” ဟု မောင်တောမြို့နယ်တွင် နေထိုင်သည့် သက်အမျိုးသားတစ်ယောက်က ပြောသည်။

ဝေလာတောင်ကျေးရွာတွင် အိမ်ခြေ ၁၃ ဆောင်ရှိသော်လည်း လက်ရှိ လူနေထိုင်သည့်အိမ်မှာ ၈ ဆောင်သာ ရှိပြီး စုစုပေါင်း လူ (၁၅) ဦးသာ နေထိုင်လျက်ရှိကြောင်း သက်အသံ လူမှုစာမျက်နှာတွင် ရေးသားထားသည်။

ဝေလာတောင်ရွာတွင် န၀တ၊ နအဖ ခေတ်ကတည်းက ပြည့်သူ့စစ်ကို အရန် ၁၉ ဦး အမာခံ ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ သော်လည်း အမာခံများထဲမှ သေဆုံးသူ ၄ ဦး၊ ပြောင်းရွှေ့သွားပြီး ၆ ဦးရှိသဖြင့် လက်ရှိတွင် အရန်နှင့် အမာခံ  ၅ ဦးကျန်နေရာ ၎င်း ၅ ဦးကို လွန်ခဲ့သော ၂ လကပင် စစ်တပ်က ခေါ်ဆောင် သွားသည်ဟု ဆိုသည်။  

“ ပြည်သူ့စစ်ဆိုတာက ရပ်ရွာကိုကာကွယ်ဖို့ ဖွဲ့ထားတာလို့ဘဲ နားလည်တယ်။ သူတို့မှာ သင်တန်းဆိုတာ လည်း ဘာမှမရှိဘူး။ လက်နက်လည်း မရှိဘူး။  ဒီလို စစ်ဆင်ရေးတွေကို ခေါ်သွားတာက အတော့်ကို အန္တရာယ်များတယ်။ ဒီလောက်ကြာ အောင်အထိ အိမ်ပြန်မရောက်ဆိုတော့ သူ့တို့အတွက် မတွေးရဲစရာဖြစ်တယ်” ဟုလည်း အဆိုပါ သက်အမျိုး သားက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီလူကြီးများကို  စစ်ဆင်ရေးတွင် လိုက်ပါသွားရသည့် ဝေလာတောင်ရွာမှ ပြည်သူ့စစ် ၅ ဦးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ နှင့် ပြည်သူ့စစ်များကို စစ်ဆင်ရေးများတွင် အသုံးမပြုရန်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...