မွန်အမျိုးသားကျန်းမာရေးကော်မတီ MNHC က ခေတ်မီစက်ကရိယာများဖြင့် ကျန်း မာရေးဝန်ဆောင်မှုပေးသွားမည်ဟုဆို

မွန်အမျိုးသားကျန်းမာရေးကော်မတီ MNHC က ခေတ်မီစက်ကရိယာများဖြင့် ကျန်း မာရေးဝန်ဆောင်မှုပေးသွားမည်ဟုဆို

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) က ရေးချောင်းဖျားဒေသရှိ ဗဟိုဌာနချုပ်နှင့်ပတ်ဝန်းကျင်ဒေသပနန်းပုံဆေးရုံတွင် ခေတ်မီစက်ကရိယာနှင့်ဓါတ်ခွဲခန်းဖြင့် လာမည့်အောက်တိုဘာလမှစတင်၍ ကျန်းမာရေးဝန်ဆောင်မှုများ ပေးဆောင်နိုင် တော့မည်ဖြစ်ကြောင်း ကျန်းမာရေးကော်မတီထံမှ သိရသည်။

ဓာတ်မှန်၊ တီဗီဓာတ်မှန် ခေတ်မီကရိယာများနှင့် ဆက်စပ်ပစ္စစည်းများ၊ ဓာတ်ခွဲခန်းများကို ပနန်းပုံဆေးရုံတွင် အဆင်သင့် တပ်ဆင်ထားရှိပြီးယခုလတွင် ကျွမ်းကျင်ဝန်ထမ်းများဖြင့် မွမ်းမံလေ့ကျင့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးကော်မတီ ဒု-တာဝန်ခံ နိုင်စိုက်ရော့က မွန် သတင်းအေဂျင်စီသို့ ပြောသည်။

“ကျွန်တော်တို့က X-ray ဓာတ်မှန်တွေအပြင် သာမာန်ခွဲစိတ်ခန်းတွေရော ဝန်ဆောင်မှု ပေးနိုင်ဖို့ စီစဉ်ထားတယ်။ နောက်တစ်ခုက Laboratory စက်၊ သွေးကနေ ရောဂါရှာဖွေတဲ့စက်ပေါ့၊ အဲဒါက မပြည့်စုံသေးဘူး၊ အားလုံးဆို ၅ ဆင့်ရှိတယ်။ ကျနော်တို့မှာက အဆင့် ၄ လောက်ပဲ ရသေးတယ်။ နောက်ပြီး မီးဖွားခန်းလည်း လုပ်ထားပြီးပြီ” ဟု ၎င်းက ပြောသည်။

၎င်းခေတ်မှီစက်ပစ္စည်းကရိယာများ ပုံမှန်လည်ပတ်နိုင်ရန်အတွက် လစဉ် ကုန်ကျစရိတ် သိန်း (၂၀) ရှိနိုင်သောကြောင့် အခမဲ့ဝန်ဆောင်မှုပေးနိုင်ရန် ဘဏ္ဍာရေးအခက်ခဲရှိနိုင်သေးသည့်အတွက် စရိတ်သက်သာသော ဝန်ဆောင်မှုများဖြင့် ညှိနှိုင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“စရိတ်အသက်သာဆုံးဖြစ်အောင် ကျနော်တို့ စဉ်းစားထားတယ်။ လက်တွေ့မှာဆိုရင်တော့ အများကြီး ပြန်ပြီး သုံးသပ်ရမယ်။ အမှန်တကယ် ဆင်းရဲ နေရင် ယူလို့သင့်မသင့်၊ နောက် ပြီး ကျနော်တို့က  စရိတ်မျှပေးလို့ သတ်မှတ် လိုက်ရင်လည်း အလှူရှင်အဖွဲ့က ယူလို့သင့်မသင့် သူတို့သဘောထားလည်း ပြန်ညှိရအုံးမယ်။ ဓာတ်ခွဲခန်းဖိုးက အခမဲ့ဆိုပေမယ့်လည်း ကျနော်တို့ လည်ပတ်နိုင်ဖို့တော့ ခက်ခဲပါလိမ့်တယ်” ဟု နိုင်စိုက်ရော့က ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်နယ်မြေ ပနန်ပုံးဆေးရုံတွင် လက်ရှိမှာ ကုတင် (၁၂) ဆန့်သာဖြစ်ပြီး ကုတင် (၅၀) ဆန့် နှစ်ထပ်အဆောက် အဦနှင့် ဆရာဝန်နားနေဆောင်များ တည်ဆောက် နိုင်ရန် ပြင်ဆင် နေကြောင်း သိရသည်။

မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) အနေဖြင့် လက်ရှိတွင် မွန် ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေနှင့်အခြားမွန်ဒေသတို့တွင် ဆေး ရုံ ၂၀ နှင့် ကျန်းမာရေးဆေးပေးခန်း (၁၈) ခု ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်း နှင့် ရုံးဝန်ထမ်း စုစုပေါင်း (၁၃၀) ကျော်ဖြင့် လည် ပတ်လျက်ရှိကြောင်း သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...