ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ မြန်မာစစ်ရဟတ်ယာဉ်ကျူးကျော်ဝင်ရောက်

ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ မြန်မာစစ်ရဟတ်ယာဉ်ကျူးကျော်ဝင်ရောက်

မြန်မာဘက်က စစ်ရဟတ်ယာဉ်တစ်စီးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ပြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဘင်္ဂလာမီဒီယာများတွင် သတင်းဖော်ပြသည်။

ယင်းကျူးကျော်ဝင်ရောက်မှုမှာ ယမန်နေ့ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံးဧရိယာထဲကို ဝင်ရောက်လာပြီး ဥယျာဉ်စိုက်ပျိုးနေသူကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု အိုကီးယားသတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ခေါင်းတုံးအုပ်စု ဥက္ကဋ္ဌ ဥယာဉ်ထဲတွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများက ရဟတ်ယာဉ်တစ်စီး ဝင်လာသည်ကို တွေ့မြင်ရ၍ ကြည့်နေစဉ်  ရဟတ်ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း၊ ယင်းပြင်ရဲဇူးကျေးရွာ အနီးနှင့်  ဂေါ်ဇင်နီယာ အနီးတို့ အပါအဝင် တခြားနေရာများကိုလည်း ပစ်ခတ်ခဲ့သည်ဟု အိုကီးယားနယူးတွင် သတင်းဖော်ပြထားသည်။

လွန်ခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မြန်မာဘက်က မော်တာကျည် ၂ လုံး ကျရောက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...