SSPP/SSA အဖွဲ့ UNFC မှ နှုတ်ထွက်ခွင့်တောင်း

SSPP/SSA အဖွဲ့ UNFC မှ နှုတ်ထွက်ခွင့်တောင်း
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA အဖွဲ့က ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ နှုတ်ထွက်စာတင်ထားသည်။
 
UNFC ဥက္ကဋ္ဌ နိုင်ဟံသာထံသို့ သြဂုတ်လ ၁၂ ရက်နေ့က နှုတ်ထွက်စာ ပေးပို့ထားကြောင်း SSPP/SSA ဒု-ဌက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင် မှ UWSA ဌာနချုပ် ပန်ခမ်း(ပန်ဆန်း) တွင် ပြုလုပ်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အစည်းအဝေးတွင် အဖွဲ့ဝင်များအား တရားဝင်အသိပေးလိုုက်သည်။
 
“၂၀၁၇ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကိုနော ကျနော်တို့ စာရေးပြီးတော့မှ အကြောင်းအရာ မိမိတို့ တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဆိုတဲ့ စာကိုပေးပို့ပြီးသား ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ဒီနေရာမှာ ကျနော်ပြန်ပြီး ကြောငြာအပ်ပါတယ်ခင်ဗျာ” ဟု ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က ပြောသည်။
 
SSPP/SSA သည် UNFC အဖွဲ့ဝင် ဖြစ်သကဲ့သို့ UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်လည်း ဖြစ်သည်။
 
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းြပည်တပ်မတော် မြောက်ပိုင်း SSPP/SSA နှုတ်ထွက်သွားမည်ဆိုပါက UNFC တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU နှင့် ရခိုင်အမျိုးသားကောင်စီ ANC စသည့် အဖွွဲ့ ၄ ဖွဲ့သာကျန်ရှိမည်ဖြစ်သည်။
 
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းြပည်တပ်မတော်မြောက်ပိုင်း  (SSPP/SSA) ပါ၀င်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)(ကိုးကန့်အဖွဲ့)၊ ရခိုုင်တပ်မတော် (AA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)(မိုုင်းလားအဖွဲ့) တို့ပါ၀င်သည်။
 
UNFC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးရန် အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိနေသည်။ အချက် ၈ ချက်တွင် ၄ ချက်အား သဘောတူညီမှု ရရှိထား ပြီး ကျန်ရှိနေသည့် အချက်များအား ဆွေးနွေးညှိနှိုင်းရန် လိုနေသေးသည်။
 
UNFC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းသွားရန်ဆုံးြဖတ်ထားပြီး UWSA ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွးညှိနှိုင်းရေးကော်မတီ (FPNCC) ကမူ NCA လမ်းကြောင်းအတိုင်းမဟုတ်ပဲ အခြားနိုင်ငံရေး လမ်းကြောင်းအသစ်ဖြင့် သွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။
 
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းြပည်တပ်မတော် မြောက်ပိုင်း SSPP/SSA သည် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC စတင်ဖွဲ့စည်းစဉ်ကတည်းက ပါ၀င်သည့် အဖွဲ့အစည်းဖြစ်သည်။
ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...