ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွား ဆိုတဲ့သတင်းအမှား

ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွား ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ထားတာ ကျပ် ၃၀၀ ခန့်လို့ ထုတ်ပြန်ထားပေမယ့် လည်း ပျက်စီးတဲ့ပစ္စည်းများဟာ အစုတ်များသာဖြစ်တယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းတွေမီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတာတော့ မှန်ကန်ပေမယ့် အချင်းချင်းအဝေမတည့်လို့ မီးရှိုခံရတာမဟုတ်ဘူးလို့ YPDF က ကြေညာချက်ထုတ်ပြန်ပြီး ပြန်လည်ရှင်းလင်းထားပါတယ်။

ဇူလိုင်လ (၃၁) ရက်နေ့ ညနေပိုင်းက လက်နက်ခဲယမ်းဂိုဒေါင်က ယမ်းများအပူလွန်ကဲရာမှတဆင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း မီးလောင်ကျွမ်းခဲ့တဲ့အတွက် ကျပ်သိန်း (၃၀၀) ဖိုးခန့်ဆုံးရှုံးခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် ငွေသားကျပ်သိန်း (၄၀) ကျော်၊ ဆက်သွယ်ရေးစက်များ၊ ဆိုင်ကယ်များ၊ Laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုးနှင့် ခါးချိုးကျည် အတောင့် (၂၀၀၀) ကျော် စုစုပေါင်း ကျပ်သိန်း (၃၀၀) ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အများပြည်သူ လှုဒါန်းထားတဲ့ ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားတဲ့အတွက် ပြည်သူများနဲ့ အလှုရှင်များကို YPDF မှ အနူးအညွတ်တောင်းပန်ထားပါတယ်။

အခုလိုဆုံးရှုံးမှုများ မဖြစ်အောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး ပစ္စည်းများ အစားထိုးဝယ်ယူနိုင်ရေးအတွက် ထပ်မံလှုဒါန်းပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေရေးသားဖော်ပြထားတဲ့ ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွား တယ်ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ အသတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။  ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာမှတင်တဲ့သတင်းမများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...